Sweety Baby - Part 36 - End
“ကိုရဲထက်နောင်…”
“အတော်ပဲဗျာ…ကျွန်တော်မနက်ကျရင်
ဦးမင်းသက်တန့်ရောင် ဆီကိုလာဖို့ပဲ…
ခင်ဗျားတစ်ယောက်တည်းလာတာလား ”
်ထိုအမေးကြောင့် ရောင်စားပွဲတစ်ခုဆီအကြည့်ပို့လိုက်ပြီးမေးဖျားလေးငေါ့ပြလိုက်ရာ…
“သွင်သွင်လေးနဲ့ပါလား..
သူက ခင်ဗျားနဲ့နေနေရင်ငြိမ်ကျပြီး
မဆိုးတော့ဘူးနော် ”
“babyကဘယ်တုန်းကမှမဆိုးပါဘူး ”
“ကျွန်တော်တောင်းဆိုပါတယ်ဦးမင်းသက်တန့်ရောင်..နွယ့်ကိုနောက်တစ်ကြိမ်လောက်တော့အခွင့်အရေးပေးစေချင်တယ် ”
“ကျုပ်အခွင့်အရေးပေးတယ်ဆိုရင်တောင် babyကိုယ်တိုင်ကပြန်မလိုက်ရင် ကျုပ်ဘာတက်နိုင်မှာလဲ
babyစိတ်ချမ်းသာဖို့ရွေးချယ်သမျှကိုကျုပ်လက်ခံတယ် ”
“ကျွန်တော်တို့ကိုကူညီစေချင်တယ်ဦးမင်းသက်တန့်ရောင်…နွယ်ကအရမ်းကိုအခြေအနေဆိုးနေပြီ…အနှစ်နှစ်အလလ မျှော်လင့်စောင့်စားခဲ့ရတဲ့အရာတစ်ခုကို ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ စိတ်ထောင်းပြီးကိုယ်ကြေနေပြီ..”
“ကျုပ်…babyပြန်လိုက်တဲ့အထိမကူညီနိုင်ပေမယ့်…babyနဲ့မနွယ် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရဖို့လောက်တော့ကူညီနိုင်တယ် ”
“ကျေးဇူးပါဗျာ အဲ့လောက်ဆိုတာကလည်း အခွင့်အရေးကောင်းတစ်ခုပါပဲ ”
“ကျုပ်ကိုသွားခွင့်ပြုပါအုံး..babyကိုတစ်ယောက်တည်းထားခဲ့ရတာစိတ်မချဘူး ”
“ဟုတ်ပါပြီဗျ..”
ရောင်..babyဆီကိုပြန်လျှောက်လာစဉ်မှာပဲ…
“baby ”
အရက်ခွက်တွေတြိဂံပုံအလှစီစဉ်ထားတာကို ဘေးမှမိန်းမပျိုလေးတစ်ယောက်ကချော်ပြီးတိုက်မိသွားရာ စီထားတဲ့အရက်ခွက်တွေက ထိုနားကစားပွဲမှာရှိနေတဲ့babyဘက်ကိုပြိုကျခြင်းပင်းပင်။
ရောင်လှမ်းအော်လိုက်တဲ့အချိန်က ထိုစီထားတဲ့အရက်ခွက်တွေက ရောင်နဲ့babyကြားကိုကာခြားထား၏။
စိုးရိမ်တကြီးအမြန်ပြေးသွားတော့
မျက်ဝန်းအဝိုင်းသားဖြင့်ကြည့်နေတဲ့babyကိုအားပါးတရဖက်လိုက်သည်။
“ပါး…babyကိုလွှတ်ပါတော့…babyအသက်ရှူ ကြပ်နေပြီ…”
အဲ့ဒီအခါမှဖက်ထားရာမှခွာလိုက်ပြီး..
လက်မောင်းနှစ်ဖက်ကိုကိုင်ကာ..
“ဘယ်နားထိခိုက်မိသွားသေးလဲ…”
“ဟင့်အင်း…babyဘာမှမဖြစ်ပါဘူး..”
“Sorry…soryပါ…မတော်တဆဖြစ်သွားတာပါ ဘာမှတော့ဖြစ်မသွားဘူးမလား ”
“ဖြစ်သွားရင်လည်း မင်းအသေပဲလေ
ကျုပ်မိန်းကလေးသွေးတစ်စထွက်ရင်
မင်းလက်တစဖက်ကိုဖြတ်ပစ်မယ် ”
ရောင်ရဲ့စကားကြောင့်ထိုမိန်းကလေးမှာ ကိုယ်လေးတွန့်သွားသည်အထိ
ထိတ်လန့်သွား၏။
“ခြေထောက်ကိုရော ဖန်ကွဲစတွေစင်သွားသေးလား…”
ဘာမှမဖြစ်ဘူးလို့ပြောသည့်ကြားကပင် babyရဲ့ခြေထောက်ကိုသေချာကိုင်ကာ စိစစ်ကြည့်သေး၏။
“ပါးရယ်…babyဘာမှမဖြစ်ပါဘူး..
ဟိုမှာ လူတွေကြည့်နေပြီပါးရဲ့..”
“ပါးဘယ်သူ့ကိုမှဂရုမစိုက်တာ babyကိုပဲပါးဂရုစိုက်တယ် ပါးတို့ပြန်ရအောင် ”
“ဦးမင်းသက်တန့်ရောင်…ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ပွဲမှာခုလိုဖြစ်သွားရတဲ့အတွက်…ခွင့်လွှတ်ပေးပါ ”
“ဟင် ပါးကလည်း ပွဲမှမပြီးသေးတာ
ပြီးတော့ ဒီမှာbabyလည်းစားလို့မပြီးသေးဘူးလေ ”
ထိုခဏမှာသွင်သွင့်ရဲ့ခန္ဓာကိုယ်လေးက လေဟာနယ်မှာမြှောက်တက်သွားသလိုခံစားရပြီးနောက် ပါးရဲ့ နွေးထွေးထွေးရင်ခွင်ကျယ်ကြီးထဲမှာနစ်သွားသည်နှင့်အတူ ပါးလည်းထိုပွဲထဲမှထွက်လာခဲ့တာ။
~~~~~~~~~~~~~~~~~~~•***
“babyမသွားချင်ဘူးပါးရယ်
မေမေကbabyကိုပြန်ခေါ်ထားလိမ့်မယ် ပါးနဲ့ဝေးတဲ့အရပ်မှာbabyမနေနိုင်ဘူး ”
“ဟုတ်တယ်ရောင် မမဖြူ လည်း သွင်သွင်လေးကိုမသွားစေချင်ဘူး..”
“Babyမေမေနေမကောင်းဘူးလေ
babyသွားတော့ကြည့်သင့်တယ်လေ
အဲ့ဒီလိုနေမကောင်းဖြစ်နေတာကို
babyမသွားရင် ပါးနဲ့babyတို့နှလုံးသားမဲ့ရာကျသွားမှာပေါ့ ”
“ဟင့်…အဲ့ဒါဆို..သွားကြည့်ယုံပဲနော်
babyကိုထားမခဲ့ရဘူးနော် အဲ့ကတိကိုတော့ပေးရမယ် ”
“ကတိပေးပါတယ်ဗျ စိတ်ချပါ ပါးbabyကိုလုံးဝထားမခဲ့ပါဘူး
ဟုတ်ပြီလား ”
“ဟုတ် ပြီ ”
“ဟုတ်ပြီဆိုရင်သွားကြစို့baby ”
သွင်သွင် ပါးရဲ့လက်ကိုတွဲမှီလိုက်ခဲ့တော့သည်။
~~~~~~~~~~~~~~~~~•**မေမေတို့ခြံထဲရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေ၏။
ပါးနဲ့သွင်သွင် အိမ်ထဲဝင်သွားတော့
အဖွားရယ် ဘေးကအမျိုးသမီးတစ်ယောက်ရယ်ရှိနေသည်။
အဖွားကမျက်ရည်တွေကျနေသလို
ဘေးကအမျိုးသမီးကအဖွားကိုရှူဆေးဗူးရူစေကာ နှစ်သိမ့်နေဟန်။
ထိုအမျိုးသမီးမျက်နှာကလည်းသိပ်မကောင်း။
“အဖွား…အဖွားဘာလို့ငိုနေတာလဲဟင် ”
သွင်သွင်အဖွားနားကိုလျှောက်သွားကာ အဖွားကိုမေးတော့ အဖွားကသွင်သွင့်ကိုကြည့်ကာပိုပြီးငို၏။
“အဖွား သွင်သွင်မေးတာဖြေပါအုံး
အဖွားဘာလို့ငိုနေတာလဲ
မေမေရော မေမေရောဟင် ”
“နွယ်…ဆုံးပြီ…”
အဖွားမှပြန်မဖြေနိုင်တဲ့ထိဝမ်းနည်းလွန်းသည်ကြောင့် ဘေးမှအန်တီကဝင်ဖြေသည်။
ထိုအဖြေကိုကြားရတော့ သွင်သွင့်ရင်ထဲနင့်ကနဲဖြစ်သွားရသည်နှင့်အတူ
ခန္ဓာကိုယ်ကချက်ချင်းပျော့ခွေမတက်ဖြစ်သွားရာ ပါးကတွဲကူထား၏။
“ဟင့်အင်း…မဖြစ်နိုင်တာ…မဟုတ်ဘူး
မေမေ…မေမေမသေပါဘူး မေမေက
အကောင်းကြီးကို ဘာဖြစ်လို့သေရမှာလဲ ”
“နွယ်က သမီးကိုဆုံးရှုံးရပြီဆိုတဲ့စိတ်နဲ့
အိပ်ယာထဲမှာမစားမသောက်ဗုန်းဗုန်းလဲတာလေ အကောင်းကြီးကိုဘာဖြစ်လို့သေရမှာလဲဆိုတဲ့သမီးရဲ့အမေးကို
အန်တီဖြေပါမယ် နွယ်ရဲ့ရောဂါက ရင်ကွဲနာ… ရင်ကွဲနာကျပြီးသေတာ ”
“ဟင့်အင်း…မယုံဘူး အန်တီတို့ညာတာ အခန်းထဲမှာမေမေရှိတယ်မဟုတ်လား ”
“မေမေ…မေမေရေ ”
“baby ”
ရောင့်လက်ထဲမှရုန်းထွက်ကာ…
လှေကားထစ်တွေဆီကိုပြေးတက်သွားတဲ့baby..။
“ကိုရဲထက်နောင်ရော ”
“ကိုကြီးနဲ့ခန့်မော်လေးကနာရေးကိစ္စစီစဉ်ဖို့လူကြီးတွေသွားပြီးခေါ်တယ် ”
ရောင် babyနောက်ကိုအမြန်ပြေးလိုက်သွား၏။
~~~~~~~~~~~~~~~~~~•***
သွင်သွင်အခန်းတံခါးကိုဖွင့်လိုက်တော့
ကုတင်ထက်မှာ မျက်ဝန်းတွေမှိတ်ထားတဲ့မေမေ။
မေမေ့ဆီကိုအတင်းပြေးပြီး ခန္ဓာကိုယ်ကိုဖတ်လိုက်ကာ…
“မေမေ…သွင်သွင်လာပြီလေ…မေမေ..အိပ်မနေတော့နဲ့…ထပါတော့နော်
မေမေသွင်သွင့်ကိုတွေ့ချင်တယ်မဟုတ်လား ”
အခန်းထဲကိုဝင်လာတဲ့ပါးရဲ့ခြေသံကြားတော့ မျက်ရည်လေးအရွဲှသားနှင့်ပါးဘက်ကိုလှည့်ကြည့်ကာ..
“ပါး…မေမေ့ကိုနှိုးလို့မရဘူး…
ပါးကူနှိုးပေးပါအုံး…မေမေ..babyကိုစိတ်ကောက်နေတာထင်တယ် ပါးကူပြောပေးပါအုံးနော် ”
“babyမေမေဆုံးပြီbaby ”
“မေမေတစ်ကယ်ဆုံးသွားတာလား..
မေမေ..သွင်သွင်ကြောင့်လား..
သွင်သွင်ကြောင့်ဖြစ်ရတာလား…
မေမေ ”
“….”
ရှိုက်ကြီးတငင်ငိုနေသည့်babyရဲ့အသံက ကိုယ့်ကိုယ်ကို အပြစ်တင်သံတွေသာ ပဲ့တင်နေလေတာ။
~~~~~~~~~~~~~~~~~~•***
[10နှစ်ခန့်ကြာပြီးနောက် ]
မေမေဆုံးသွားပြီးတဲ့နောက် အရာအားလုံးကလည်းပြောင်းလဲသွားခဲ့သည်။
အဖွားက တရားအားထုတ်ဖို့အတွက်
ဘုရားရိပ်ကိုခိုလှုံသွားပြီး..မေမေရဲ့ပိုင်ဆိုင်မှုတွေကို သွင်သွင့်ကိုပေးခဲ့ပါသည်။
ခန့်မော်တို့မိသားစုကလည်း သြစီကိုထွက်သွားခဲ့တာကြာခဲ့ပြီ။
သွင်သွင်ကတော့…မေမေရဲ့အိမ်ကို
မိဘမဲ့ဂေဟာအဖြစ်ထားရှိလိုက်၏။
ကြီးကြီးနဲ့ဦးနိုင်ကိုလည်းသွင်သွင်သဘောတူလိုက်သည်ကြောင့် လက်ထပ်ဖြစ်ခဲ့သည်။
ခုတော့…သွင်သွင့်မှာ မိုးနတ်မင်းဘုံဆိုတဲ့သားလေးတစ်ယောက်ရှိနေလေပြီ။
သားလေးက အသက်8နှစ်ခန့်ပင်ရှိနေလေပြီ။
ဒီနေ့တော့…မေမေဆုံးတာ10နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဂေဟာမှာကလေးတွေအတွက်အဟာရဒါနလာလှူပြီး
ကစားစရာအရုပ်တွေနှင့်မုန့်တွေအင်္ကျီတွေလာလှူပြီးဂေဟာမှအပြန်
အဖွားရှိရာကိုဝင်၏။
“အဖြား…”
“အဖွားအတွက် အဟာရဖြစ်မဲ့မုန့်နဲ့ဆေးတွေဝယ်လာတယ်…”
“သားနတ်…အဖွားကို မုန့်နဲ့ဆေးတွေလိုက်ပါအုံး…”
သားနတ်က အဖွားထိုင်နေတဲ့ဘေးကိုမုန့်တွေသွားတင်ပေးသည်။
“အဖွား…နေကောင်းတယ်မလား..”
“နေကတော့ကောင်းပါတယ် အသက်အရွယ်ကြောင့်တော့ ထိုင်ရထရသွားရလာရတော့မကောင်းတော့ဘူးပေါ့
အဖွားလည်းသိပ်မကြာတော့ပါဘူး..
သွားရတော့မှာပါ ”
အဖွားအသက်80ပင်ရှိနေပြီဆိုတော့
အသံကမပီနိုင်တော့သလို အသားအရေတွေကလည်းတွန့်နေလေပြီ။
“အဖွား နေရထိုင်အဆင်မပြေရင်
အိမ်ပြန်လာပါလား…သွင်သွင်အနီးကပ်ပြုစုချင်လို့ပါ…”
“တရားရိပ်မှာနေရတာပဲမွေ့လျော်ပါတယ် ”
အဖွားနှင့်တွေ့ပြီးတော့ ပါး၊သားနတ်နဲ့သွင်သွင်တို့အိမ်ကိုပြန်လာတော့သည်။
“မာမီ…သားရေချိုးတော့မယ်…”
“အကြာကြီးမချိုးနဲ့နော်…နေမကောင်းဖြစ်မယ် ”
“ဟုတ်မာမီ ”
အိမ်ရောက်တယ်ဆိုရင်ပဲသားကရေချိုးဖို့အိမ်ပေါ်ကိုပြေးတက်သွား၏။
အဲ့လိုပါပဲ။
အသက်က8နှစ်သာရှိသေးပေမယ့်
ရေချိုးတာ အဝတ်ခေါက်တာ အင်္ကျီဝတ်တာကအစ ကိုယ်ကိုယ်တိုင်လုပ်ရတာကိုကြိုက်တာက မိုးနတ်မင်းဘုံရယ်ပါ။
“Baby…ပါးကိုပြောစရာရှိတယ်ဆို ”
“Babyမှာ နောက်ထက်ရင်သွေးလေးရှိနေပြီ…”
“ဘယ်လို…baby…babyမှာနောက်ထပ်ရင်သွေးလေးရှိနေပြီဟုတ်လား”
“ဟုတ်တယ်လေပါးရဲ့…”
“babyဆေးမသောက်ထားဘူးလား…”
“ပါး…အဲ့ဒါအဓိပ္ပါယ်ကိုမရှိဘူး..
babyဗိုက်ထဲကရင်သွေးလေးကပါးရဲ့ရင်သွေးနော်..ပါးပျော်ရမှာလေ…”
“ပါးbabyကိုပြောထားတယ်လေbabyရယ် တစ်ယောက်ဆိုတော်ပြီပေါ့…babyကိုယ်ဝန်ဆောင်ရင် babyပင်ပန်းနေမှာဆိုးလို့ပါးပြောတာပါ
”
“အဲ့ဒါအကြောင်းပြချက်ပဲ…တော်ပြီ..
ပါးbabyရဲ့ရင်သွေးလေးကိုလက်မခံရင် babyပါးနဲ့မအိပ်တော့ဘူး…”
“baby…baby”
စိတ်ဆိုးပြီးထွက်သွားတဲ့babyကို
ရောင်ခက်ခက်ခဲခဲချော့ရပြန်အုံးမည်။
~~~~~~~~~~~~~~~~~~•
“သား…ဒက်ဒီကိုကူချော့ပေးပါအုံးကွာ
သားကချစ်ဖို့ကောင်းပါတယ် ”
“သားကူချော့ပေးရင် ဒက်ဒီကဘာပြန်ပေးမှာလဲ…”
“သားလိုချင်တာဒက်ဒီအကုန်ပေးမယ်ကွာ…သား…ဒက်ဒီကိုကူပါကွာ..
သားမာမီညက ဒက်ဒီကိုအပြင်မှာအိပ်ခိုင်တာ သားမာမီနဲ့မခွဲနိုင်ဘူး သားကူမှရမယ် ”
“အဲ့ဒါဆိုသားကူမယ် ဒက်ဒီသာကတိမမေ့စေနဲ့ ”
“စိတ်ချပါ ဒက်ဒီမမေ့စေရဘူး ”
သားနတ်နဲ့တိုင်ပင်ကာ သားဖနှစ်ယောက် ခြံထဲမှာစာဖတ်နေတဲ့babyဆီကိုသွား၏။
ရောင်ပါပါလာသည်ကြောင့် စာဖတ်နေရာမှထသွားမည်ပြုရာ…
“မာမီ့…နေပါအုံး…ဒီမှာဒက်ဒီကအမှားကိုသိပါပြီတဲ့ မာမီစိတ်ကောင်ရင်မနေနိုင်ပါဘူးတဲ့…”
“အပိုတွေ ”
“အပိုမဟုတ်ရပါဘူးbabyရယ် တစ်ကယ်ပါ စိတ်ဆိုးပြေပါတော့နော်
ပါးရဲ့အချစ်ဆုံးလေးရယ်…”
“မာမီ…စိတ်ဆိုးပြေပေးလိုက်ပါ ”
သွင်သွင့်ရဲ့လက်ကိုဆွဲကာ စိတ်ဆိုးပြေပေးဖို့ပြောနေတဲ့သားနက်။
“မပြေပေးပါဘူး ”
“မာမီမပြေပေးဘူးဆိုတာသေချာလား ”
“အင်း…သေချာတယ်..”
“အဲ့ဒါဆို သား…ဒက်ဒီကိုခေါ်ပြီး
မေမေအသစ်ရှာခိုင်းရတော့မှာပဲ”
“ဒက်ဒီ သွားမယ် အင်္ကျီတွေသွားသိမ်းရအောင် ”
သားနက်က တစ်ကယ်ပြောနေသည့်ပုံပေါက်သည်ကြောင့်…စိတ်ဆိုးမပြေပေးဘူးလို့စိတ်တင်းထားပေမယ့်လျှော့ချလိုက်ကာ..
“ပြေပေးတယ်ပြေပေးတယ် ”
“မာမီကဒက်ဒီကိုချစ်လို့စိတ်ဆိုးပြေပေးပြီပေါ့ ”
“မဟုတ်ပါဘူး သားနက်ကိုမခွဲနိုင်လို့
သားနတ်ကိုချစ်လို့..”
“မာမီညာပါတယ်ကွာ…မာမီညက ဒက်ဒီကိုအပြင်ထွက်ပြီးဆောင်ခြုံပေးတယ်…ပြီးတော့ ပါးကိုလည်းနမ်းသေးတယ် အဲ့ဒါမာမီ ဒက်ဒီ့ကိုချစ်လို့ပေါ့ ”
“မိုးနတ်မင်းဘုံ ”
“မာမီဒေါ်အသက်အသွင်ရဲ့သား
မိုးနတ်မင်းဘုံ ရှိပါတယ်ဗျ ”
“ဒီကောင်လေးတော့ ”
ရောင် babyအနားကိုကပ်သွားလိုက်ပြီး…
“baby..ညကပါးကိုခိုးနမ်းတယ်ပေါ့ ”
“ဟင့်အင်း…မသိဘူး..”
“Babyပါးကိုချစ်လား ”
“ချစ်တာပေါ့ ”
“ယေး…မာမီဝန်ခံပြီဟေ့ ”
ပါးကbabyကိုနမ်းဖို့ကြံလိုက်စဉ်မှာပဲ..
“ဒက်ဒီ..မာမီ့ကိုနမ်းမလို့လား…
သားစာသွားကျက်တော့မယ်..သားမရှိမှနမ်းတော့…”
သားက ခြံထဲမှပြေးကာအိမ်ထဲပြေးဝင်သွားတော့မှ ရောင်babyကိုအရပါးရနမ်း၏။
“ချစ်တယ်babyရယ်…”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)