Sweety Baby - Part 8
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-1-e1698957746798-200x300.jpg)
“သမီး အိမ်ထဲမှာနေရတာမပျင်းဘူးလား အပြင်လျှောက်လည်မလား အန်တီလိုက်ပို့မယ်လေ ”
“ပျင်းတော့ပျင်းတယ် ပါးကအပြင်မထွက်ခိုက်ဘူး ပါးကသမီးကိုအရမ်းစိတ်ပူတာ ”
“အန်တီက သမီးရဲ့ပါးစိတ်မပူအောင် သမီးကိုစောင့်ရှောက်ပေးမှာပေါ့ ”
“အဲ့ဒါဆိုပါးစိတ်မပူရတော့ဘူးပေါ့နော်
ဟုတ်လား ”
မျက်လုံးဝိုင်းဝိုင်းလေးတွေ ရှည်ဆင်းနေတဲ့မျက်တောင်လေးတွေနှင့်သမီးလေး
ဒီလိုသမီးလေးကို အဘယ်သို့သောလူမျိုးက မချစ်ခင်မိဘဲနေပါမည်နည်း။
“အဟင်း ဟုတ်တာပေါ့သမီးရယ် သမီးအတွက် အန်တီက မုန့်တွေ အင်္ကျီတွေ အရုပ်တွေပါဝယ်ပေးအုံးမှာ ”
“ဟေး အန်တီတစ်ကယ်ပြောတာနော် ”
“တစ်ကယ်ပေါ့သမီးလေးရဲ့. ”
“သမီး သွင်သွင် ”
သွင်သွင် အန်တီကြီးနဲ့ပြောနေတုန်းကြီးကြီးကရောက်လာ၏။
“အော် သွင်သွင်ရယ် ဧည့်သည်ရောက်နေတာကိုကြီးကြီးကိုလာမပြောဘူး”
“အမ အအေးသောက်မလား ဖြူသွားဖျော်ပေးမယ် ”
“ရပါတယ် မသောက်တော့ပါဘူး
သမီးလေးကိုနွယ်နဲ့အတူ စျေးဝယ်ထွက်ဖို့ခေါ်သွားချင်တယ်ညီမ ”
“အဲ့ဒါတော့မဖြစ်ဘူးထင်တယ် ရောင်က သွင်သွင်လေးကိုအပြင်မထွက်ခိုင်းဘူး ”
“ညီမရယ် သမီးလေးကိုစိတ်ပူလို့ဆိုရင်စိတ်ချပါ နွယ်သေချာဂရုစိုက်ပါ့မယ်
သမီးလေးကချစ်ဖို့ကောင်းနေတော့ နွယ် လက်ဆောင်လေးတွေအမှတ်တရဝယ်ပေးချင်လို့ပါ ”
“ကြီးကြီး သွင်သွင်လိုက်သွားချင်တယ်
နော် ကြီးကြီး ”
“သွင်သွင်လေးရယ် လိုက်မသွားချငိပါနဲ့ ရောင်သိရင်မလွယ်ဘူးနော် ”
“ကြီးကြီးကလည်း အိမ်မှာနေရတာသွင်သွင်ပျင်းတယ် ပါးပြန်မရောက်ခင်ပြန်လာမယ်နော် ”
“ပျင်းနေတယ်ဆိုရင် ကြီးကြီးနဲ့အတူကစားကြမယ်လေ ဘယ်လိုကစားချင်လဲပြော သွင်သွင်လေးစိတ်တိုင်းကျ ”
“ဟင့် အပြင်ထွက်ချင်တာပါဆို ကြီးကြီးနော် သွင်သွင်ဖြစ်ချင်တာကိုပိတ်ပင်နေရင် သွင်သွသ် ကြီးကြီးကိုမချစ်တော့ဘူးမှတ် ”
“စိတ်ချပါညီမရယ် သမီးလေးကဒီလောက်အပြင်ထွက်ချင်နေတာ နွယ် ဘာမှမဖြစ်စေရပါဘူးလို့ကတိပေးတယ် ”
“အဲ့ဒါဆို ရောင်ပြန်လာချိန်ထက် စောစောပြန်လာပို့ပေးပါအမ. ”
“ကြီးကြီးကလိုက်ခွင့်ပြုပြီပေါ့နော် ”
“လိုက်ခွင့်ပြုပါတယ်ရှင် မဟုတ်ရင်ရှင်လေးက ကျွန်တော်မျိုးမကိုမချစ်ပဲနေမယ်တဲ့လေ. ”
“ဟီး ခုတော့ ကြီးကြီးကိုအရမ်းချစ်သွားပြီ ”
“အဲ့ဒါဆို အန်တီတို့သွားတော့မလားသမီး ”
“ဟုတ် သွားမယ်ရှင့် ”
“အမ သွင်သွင်လေးအတွက်စိတ်မပူပါရစေပါနဲ့နော် ဂရုစိုက်ပေးပါ ”
“စိတ်ချပါ ”
သွင်သွင်လေးလိုက်ပါသွားတော့ ဖြူ
သက်ပြင်းအရှည်ကြီးချမိရင်း
ရောင်မသိပါစေနဲ့လို့သာ
ဆုတောင်းနေမိတော့သည်။
~~~~~~~~~~~~~~~~•@@@@@
“ကျွန်တော် ကုမ္ပဏီကိုဒီထက်တိုးတက်အောင် အကောင်းဆုံးကြိုးစားသွားမယ်လို့ ရည်ရွယ်ထားပါတယ်
အားလုံးရဲ့ယုံကြည်မှုကိုရဖို့လည်း
အလုပ်နဲ့ပဲသက်သေပြသွားပါမယ်ခင်ဗျ
”
“ကျွန်တော်တို့ကလည်း ဦးမင်းသက်တန့်ရောင်ဟာ ကုမ္ပဏီ ကိုအကောင်းမွန်ဆုံးဖြစ်အောင် ဦးဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ် ”
“ခုလိုယုံကြည်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်”
“အဲ့ဒီတော့ meetingကိုဒီမှာပဲရပ်နားပါတော့မယ်”
meetingပြီးတော့ ရှယ်ယာဝင်တွေ အသီးသီးmeeting Roomထဲမှထွက်သွားကုန်သည်။
“ရောင် မင်းမျက်နှာကသိပ်မလန်းသလိုပဲ ”
ရှယ်ယာဝင်တွေထွက်သွားပြီးနောက်မှာချက်ချင်းမှိုင်ကျသွားတဲ့ရောင့်ကို နိုင်မေးလိုင်တယ်ဆိုလျှင်ပဲ
“အေးကွာ ညကbabyလေ ဆေးတိုက်တာကိုဆေးကြောက်လို့မသောက်ချင်ဘူးဆိုတာနဲ့ငါလည်းမတ်ိုက်လိုက်ဘူး
အဲ့ဒါနဲ့ ညအချိန်မတော်မှထဖျားပြီး လက်ကိုက်နေတော့ babyကိုဆေးတ်ိုက်ပြီးအိပ်တဲ့ထိစောင့်နေရတာ
အိပ်ရေးပျက်သွားတယ်ကွာ ”
“အော် အိပ်ရေးမဘူးဆိုပါတော့
Coffee သောက်မလား
ငါဖျော်ခိုင်းလိုက်မယ် ”
“အင်း ကောင်းသားပဲ ”
စကားတပြောပြောနှင့်meeting Roomထဲမှထွက်လာခဲ့တာ
Offic Roomထဲပင်ရောက်လာလေပြီ ”
ရောင် ဆုံလည်ခုံမှာဝင်ထိုင်လိုက်ပြီး
လက်ဖဝါနှစ်ဖက်နဲ့မျက်နှာကိုပွတ်သပ်ချကာ မှီချလိုက်၏။
“ရောင် အသေးလေးနဲ့မင်းအခြေအနေရော ”
“Babyနဲ့ငါနဲ့က နှစ်ယောက်စလုံးဖွင့်ပြောပြီးပြီ ”
“ဟာ မြန်လှချည်လား မင်းတ်ို့နှစ်ယောက်ရဲ့ကိစ္စကို အဲ့လောက်လွယ်လိမ့်မယ်လို့ငါမထင်မိဘူး အားကျတယ်ကွာ ”
“အားကျရင် မင်းလည်းမမကိုရအောင်ပြောပေါ့ ”
“မမဖြူက အသေးလေးကိုငဲ့နေတာလေ အသေးလေးကလည်းမတရားလိုက်တာ ”
“ဘာလဲ မင်းကငါ့babyကိုအပြစ်ပုံချတာလား စစ်ငြိမ်းနိုင်”
ဆုံလည်မှာမှီနေရမှ ချက်ချင်းပြန်မက်လားပြီး ခက်ဆက်ဆက်ပြောလာသည်ကြောင့်
“အပြစ်ပုံမချရဲကြောင်းပါ ဦးမင်းသက်တန့်ရောင်ရယ် ”
“ငါ့ကလေးကိုထိရင် မီးပွင့်သွားမယ် ”
“ဟုတ်ပါပြီကွာ ဟုတ်ပါပြီ
မင်းအတွက် ငါCoffeeသွားဖျော်ခိုင်းလိုက်မယ် ”
“အင်း သွားတော့ မင်းကိုငါမမြင်ချင်တော့ဘူး ”
“ရောင် မင်းကတော့ အသေးလေးနဲ့ပတ်သတ်ရင် စိတ်ဓာတ်ပဲကွာ”
နိုင်က စနောက်ပြီးထွက်သွားတော့
Baby နေမှကောင်းရဲ့လားလို့ ချက်ချင်းအတွေးရောက်သွားရ၏။
~~~~~~~~~~~~~~~~•❤❤❤❤
ဝယ်ပေးထားတဲ့အင်္ကျီတွေအိတ်တွေက အန်တီ့လက်ထဲမှာအပြည့်ဆိုတော့သွင်သွင်အားနာလာမိ၏။
“အန်တီ ခုလိုသယ်ပေးနေတော့ သွင်သွင်ငရဲကြီးတော့မှာပဲ ”
“မကြီးပါဘူးသမီးရယ် သမီးလက်မှာကဒဏ်ရာနဲ့ဆိုတော့ ပစ္စည်းတွေသယ်လို့မှမဖြစ်တာ ”
“အဲ့ဒါဆိုလည်း ဝယ်တာတွေရပ်ရအောင်လား အရမ်းများနေပြီအန်တီရဲ့. ”
“နေပါအုံး ဒီမှာကြည့် ဒီအင်္ကျီလေး သမီးနဲ့အရမ်းလိုက်မှာပဲ ”
“တော်ပါပြီအန်တီရဲ့. သမီးမယူတော့ဘူး ”
“ဒါလေးတော့ဝယ်လိုက်ပါ ဒီအင်္ကျီလေးကအသားရောင်လေး သမီးဝတ်လိုက်ရင်အရမ်းလှမှာ ”
“အန်တီအရမ်းသဘောကျနေရင် ဒီတစ်ထည်နောက်ဆုံးဝယ်မယ်နော် ”
အဲ့ဒီလိုနှင့် နောက်ဆုံးဝယ်ပြီး ဝက်ဝံရုပ်ကြီးကိုလည်းဝယ်ကာ ဆိုင်မှထွက်လာခဲ့တော့သည်။
ကားလေးကတလိမ့်လိမ့်နှင့်shopping centerမှထွက်လာခဲ့လေရင်း
“သမီးလေး အန်တီနဲ့စျေးဝယ်ထွက်ရတာပျော်လား ”
“အရမ်းပျော်တယ်အန်တီ အန်တီက သမီးကိုဘာလို့အများပြီးအကုန်ကျခံပြီးဝယ်ပေးတာလဲဟင် ”
“သမီးလေးကအရမ်းချစ်ဖို့ကောင်းတော့ချစ်လို့ပေါ့ ”
“ဟင် အန်တီကသမီးကိုချစ်တယ်ပေါ့ ”
“ချစ်တာပေါ့သမီးရဲ့ ”
“သမီးလည်းအန်တီ့ကိုချစ်တယ် ”
“သမီးလေးတစ်ကယ်ပြောတာလား ”
“ဟုတ် တစ်ကယ်ပြောတာ အန်တီကသမီးကိုလက်ဆောင်တွေဝယ်ပေးလို့မဟုတ်ဘူးနော် အန်တီ့ကိုမြင်ကတည်းကချစ်တာ ”
“သမီးလေးကစကားတက်လိုက်တာ ”
“ဟင့် အန်တီကလည်း သမီးကစကားတတ်လို့လျှောက်ပြောနေတာမဟုတ်ပါဘူး သမီးကအရှိအတိုင်းပြောတာပါ ”
“ဟုတ်ပါပြီရှင့် သမီးရဲ့ပါးနဲ့ကြီးကြီးကသမီးကိုအရမ်းချစ်တာ အန်တီမအံ့သြတော့ပါဘူး ”
“အန်တီ သမီး ရေခဲမုန့်စားချင်တယ်”
“အဲ့ဒါဆို ဟိုးရှေ့ကဆိုင်မှာ အန်တီရပ်ပေးမယ်နော် ”
သွင်သွင်ရေခဲ့မုန့်စားချင်သဘ်ဆိုသည်နှင့် အန်တီကစိတ်တိုင်းကျအတိုင်းရေခဲမုန့်ဆိုင်ကိုဝင်ပေးသေးသည်။
ရေခဲမုန့်ဆိုင်မှာ ရေခဲ့မုန့်ဝင်စားပြီးသည်နှင့် ပါးအိမ်ပြန်မရောက်ခင်စောစောပြန်လာကြရ၏။
~~~~~~~~~~~~~~~~~~•@@@@
“ပြန်တော့မှာလားအမ တစ်ခုခုသောက်သွားပါအုံးလား ”
“မသောက်တော့ပါဘူး ပြန်တော့မယ်
အော် သမီးလေးက အခန်းထဲကိုဝင်မလာခဲ့နဲ့တဲ့ သူအနားယူချင်တယ်လို့မှာလိုက်တယ် ”
“ဟုတ်ကဲ့ သွင်သွင်လေးကိုဂရုစိုတစိုက်ပြန်ပို့ပေးလို့ကျေးဇူးပါ ”
“ရပါတယ် နွယ်ပြန်တော့မယ်နော် ”
“ဟုတ်ကဲ့အမ ”
ပြန်ဖို့ပြောခဲ့ပြီး ထိုခြံဝန်းလေးကထွက်လာခဲ့ပေမယ့် အသက်အသွင်ဆိုတဲ့သမီးလေးနဲ့မခွဲခွာချင်ခဲ့သည်က အဘယ်အကြောင်းအရင်းကြောင့်ရယ်မသိ။
~~~~~~~~~~~~~~~~~•❤❤❤❤
ဆောင်ကြီးကိုဆွဲခြုံထားရင်း ခေါင်းကလည်းအရမ်ကိုက်ခဲနေသလို ကိုယ်ကလည်းပူခြစ်တောက်နေ၏။
မျက်ရည်တွေကလည်းစီးကျနေသေးသည်။
ပြန်ရောက်ကတည်းက ဖျားချင်သလိုဖြစ်နေသည်ကြောင့် အခန်းထဲကိုကြီးကြီးမလာဖို့ ပြောခိုင်းလိုက်တာပင်။
ပါးကိုစိတ်မပူစေချင်ပေမယ့် ပါးစိတ်ပူအောင်လုပ်မိပြီ။
ပါးပြန်လာရင် သွင်သွင်ဘယ်လိုလုပ်ပြီးပြောရပ့မလဲ။
“Baby. ပါးပြန်လာပြီ ”
အခန်းတံခါးဖွင့်ပြီးဝင်လိုက်တယ်ဆိုလျှင်ပဲကုတင်ထက်မှာ ဆောင်ခြုံပြီးလဲနေတဲ့ကလေးကိုတွေ့ရ၏။
ကုတင်ဆီကိုသွားကာ babyဘေးနားကပ်ထိုင်လိုက်ပြီး
“Baby. ”
“ပါး ”
“ဟာ baby ကိုယ်တွေပူခြစ်နေတာပဲ ပြန်ဖျားတာလား ဘယ်လိုဖြစ်ရတာလဲ ”
“Baby ပါးစကားကိုနားမထောင်လိုက်မိဘူး ”
သွင်သွင် ပါးစကားကိုနားမထောင်လိုက်မိသည်ကြောင့် ပါးကိုမျက်နှချင်းမဆိုင်ရဲသဖြင့် တစ်ဖက်ဆီကိုမျက်နှာလွှဲလိုက်လေရင်း…
~~~~~~~~~~~~~~~~~•❤❤❤
“ခဏနေရင်သက်သာသွားပါလိမ့်မယ် ”
“ဟုတ်ကဲ့ဒေါက်တာ ”
“ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး ”
“မမလိုက်ပို့လိုက်အုံး ”
ဖြူလည်း ဆေးသေတ္တာကိုယူကာ ဒေါက်တာရာဇာကိုလိုက်ပို့ရန်ထွက်သွား၏။
“ဘာလို့ကိုယ်မသိတဲ့သူစိမ်းနဲ့အပြင်လိုက်သွားရတာလဲbaby တစ်ကယ်လို့babyကိုသူကတစ်ခုခုလုပ်သွားရင်ဘယ်လိုလုပ်မလဲ ပါးစိတ်ပူလိမ့်မယ်ဆိုတာကိုbabyထည့်မတွက်ဘူး ”
“ပါး babyကိုဆူတယ် ”
“မဟုတ်ပါဘူးbabyရယ် ပါးဆူတာမဟုတ်ပါဘူး ပါးbabyအတွက်ပြောနေတာပါ ပါးbabyကိုစိတ်ပူလို့ပါ ”
“အန်တီကသဘောကောင်းပါတယ်ပါးရဲ့. Babyကိုအင်္ကျီတွေလည်းဝယ်ပေးတယ် ဟိုမှာကြည့်ဝက်ဝံရုပ်အကြီးကြီး
အန်တီဝယ်ပေးတာ ”
“သူက ဘယ်လိုအကြံအစည်တွေနဲ့babyနားကိုကပ်တာလဲမှမသိတာ
ဘာလို့သူဝယ်ပေးတာတွေကိုလက်ခံတာလည်း babyဘာလိုချင်လဲပါးကိုပြော ပါးအကုန်ဝယ်ပေးမယ် ပါးရှာသမျှကbabyအတွက်ပဲနော် ”
“အန်တီကလူကောင်းပါပါးရဲ့ ”
“အဲ့ဒီလူကောင်းကပဲ babyနေမကောင်းတာကိုရေခဲမုန့်ကျွေးတာလေ အဲ့ဒါကြောင့် Babyခုပြန်ဖျားတာပေါ့ ”
“အန်တီ့ကိုအပစ်မတင်ပါနဲ့ပါးရယ်
ရေခဲမုန့်ကျွေးရင် babyဖျားလိမ့်မယ်လို့အန်တီဘယ်သိပ့မလဲ ”
“ဘာလို့သူစိမ်းဘက်ကကာကွယ်ပေးနေတာလဲ baby ”
“ပါး အန်တီ့ကိုသူစိမ်းလို့babyမခံစားမိဘူးနော် အန်တီကနွေးထွေးတယ် babyကိုချစ်တယ် babလည်းအန်တီ့ကိုချစ်တယ် ”
“တော်တော့baby ဘာမှဆက်မပြောနဲ့တော့ ပြီးတော့အဲ့ဒီမိန်းမနဲ့လည်းမပတ်သတ်နဲ့တော့ ပြီးတော့ သူ့ပစ္စည်းတွေအားလုံးကိုပြန်ပေးရမယ် ”
“ပါး ”
“ဒီတစ်ခါတော့ ပါးbabyကိုအလိုမလိုက်နိုင်ဘူး မနက်ဖြန် ပါးကုမ္ပဏီကပြန်လာရင် အဲ့ပစ္စည်းတွေတစ်ခုမှမမြင်ချင်ဘူး babyပါးကိုချစ်ရင်ဒီတစ်ခုတော့လိုက်လျောပေးပါ ”
ပါးဟာ သူဖြစ်ချင်တာကိုပြောပြီး သွင်စွင့်ကိုကျောခိုင်းကာ အခန်းထဲကထွက်သွားလေပြီ။
အန်တီ့ဆီကအမှတ်တရပစ္စည်းတွေကိုသွင်သွင်ပြန်မပေးချင်။
အန်တီပေးတဲ့လက်ဆောင်တွေကိုသွင်သွင်မြတ်နိုးတယ်။
အန်တီ့ကိုပြန်ပေးရင်အန်တီစိတ်မကောင်းဖြစ်မှာလညိးဆိုးတယ်။
အကုန်ကုန်ပြောရရင် သွင်သွင်အန်တီ့ကိုချစ်တယ်။
သွင်သွင်ချစ်လို အန်တီလည်း စစ်မှန်တဲ့မေတ္တာနဲ့ချစ်တယ်ဆိုတာကိုလည်း
သွင်သံင့်နှလုံးသားကခံစားရတယ်။
ဒါပေမယ့် ပါးပြောသွားတာက
အန်တီနဲ့မပတ်သတ်ပါနဲ့တော့တဲ့လား။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)