Sweety Baby - Part 7
“အင်း..ဟင်း…ကျွတ်..ကျွတ်..”
“အင်း…”
ညည်းသံသဲ့သဲ့ကထွက်လာလေတော့..ရောင်လန့်နိုးလာရ၏။
မီးဖွင့်လိုက်ပြီး…Babyကိုကြည့်လိုက်တော့….မျက်ရည်လေးတွေစီးကျနေတာ။
“အင်း…ဟင်း…”
“Baby…ကလေးလေး…”
“ဟင်…”
“ဘယ်လိုနေလို့လဲကလေး…”
“အင်း…ဟင်း…အင်း..လက်က..အရမ်ကိုက်တာပဲပါး…”
“ဟင့်…အင့်…”
Babyရဲ့နဖူးလေးပေါ်လက်လေးတင်စမ်းကြည့်လိုက်တော့…ကိုယ်တွေကလည်းခြစ်ခြစ်တောက်ပူနေလေရဲ့။
ရောင်ချက်ချင်းဆိုသလိုအိပ်ရာမှထလိုက်ပြီး…မမရဲ့အခန်းဆီကိုသွားကာ..မမကိုနှိုးရ၏။
“ရောင်…ညအချိန်မတော်ကြီး..ဘာဖြစ်လို့လဲ…”
“Babyလေ…ကိုယိပူအရမ်းကြီးနေလို့…အဲ့ဒါ..ရေပတ်တိုက်ဖို့ရေဇလုံနဲ့အဝတ်ပါးလေးသွားယူခဲ့အုံး..”
“ဟုတ်ပြီရောင်…သွား..သွင်သွင်လေးနားနေပေးလိုက်…မမယူခဲ့မယ်…”
“မြန်မြန်လေးနော်မမ…”
“အင်းပါရောင်ရယ်…မြန်မြန်လာခဲ့မယ်..”
မမကိုရေဇလုံနဲ့အဝတ်သွားယူခိုင်းပြီးBabyနားကိုအမြန်ပြန်လာခဲ့ရ၏။
“ပါး…ဘယ်သွားတာလဲ…Babyကိုတစ်ယောက်တည်းထားခဲ့တယ်..အင့်..ဟင့်…”
“Babyလေးကိုယ်တွေအရမ်းပူနေတယ်လေ..အဲ့ဒါကြောင့် ကိုယ်ပူကျသွားအောင်ရေပတ်တိုက်ပေးဖို့. မမဆီကိုသွားပေးတာပါ ခု ကလေးရဲ့ဘေးမှာပါးရှိတယ်နော် မငိုပါနဲ့Babyရယ်..ဖျားနေတဲ့ထဲပိုဆိုးနေပါ့မယ်…”
“အင့် ဟင့် လက်ကအရမ်းကိုက်တယ်ပါး ”
“ပါးပြောသားပဲbabyရယ် ဆေးသောက်ပါဆို အခုတော့ဖြစ်ပြီမလား ခုဆေးသောက်ရမယ်နော် ”
စားပွဲမှာတင်ထားတဲ့ဆေးတွေကိုယူပြီး အမှုန့်ကြိုတ် ရေလေးနဲ့ဖျော်ပြီး
“Baby ဆေးသောက်ရအောင်နော်
ဆေးသောက်မှာသက်သာမှာကလေးရဲ့ ထ ”
လှဲနေတဲ့Babyကိုအသာထူပေးလိုက်ရင်း ဆေးတိုက်လိုက်လေရာ
“မြိုချလိုက်baby ”
“အင့် ဟင့် အရမ်းခါးတာပဲ ”
ရောင် ဘေးမှရေခွက်လေးကိုယူပေးလိုက်ပြီး သောက်စေကာ
“လိမ်မာလိုက်တာ ပါးရဲ့babyက ပျောက်သွားလိမ့်မယ်နော် ”
“ဟုတ်..ပါး…”
ဆေးသောက်ပြီး..အိပ်ယာထဲပြန်လှဲနေလိုက်၏။
“သွင်သွင်လေး…ကြီးကြီးရေပတ်တိုက်ပေးဖို့ရောက်လာပါပြီရှင့်…”
“ပေးမမ…ကျွန်တော်လုပ်လိုက်မယ်..”
“ရတယ်…မမပဲလုပ်ပေးလိုက်မယ်..ဖယ်ဖယ်”
ရောင့်ကိုဖယ်ခိုင်းလိုက်ကာ…ရေဇလုံကိုစားပွဲပေါ်တင်ပြီး သွင်သွင်လေးရဲ့နဖူးကိုစမ်းကြည့်လိုက်တော့…
“အမလေး…ပူခြစ်နေတာပါလား…”
နှုတ်ကလည်းစိတ်ပူတစ်ကြီးရေရွတ်လိုက်သလို…ရောင့်ကိုမော့ကြည့်လာပြီး..
“မင်း ညက သွင်သွင်လေးကိုဆေးမတိုက်ဘူးမလား ”
“Babyကမသောက်ချင်ဘူးဆိုလို့ စ်ိတ်ဆင်းရဲမှာဆိုးပြီးဇွတ်မတိုက်တာပါ ”
“မင်း သွင်သွင်လေးကိုအရမ်းအလိုလိုက်လွန်းတယ် ခုတော့ဖျားပြီမလား …”
“ခုနကတော့ဆေးတိုက်လိုက်ပါပြီ…”
“အင်း…ကြပ်ကြပ်သာအလိုလိုက်ရောင် အလိုလိုက်တယ်ဆိုတာ လိုက်သင့်တဲ့နေရာမှာပဲလိုက်ရတယ် မင်းရောက်လာမှပဲ သွင်သွင်လေးစည်းကမ်းတွေပျက်တော့မယ် ”
ရေဇလုံကိုယူလိုက်ပြီး အဝတ်ပါးလေးကိုရေစွတ်ကာ လက်နှစ်ဖက်ဖြင့်ရေလေးတွေညစ်ချ သွင်သွင်လေးရဲ့နဖူးကိုတင်လိုက်ရင်း တပွစိစိနဲ့ဆူနေတဲ့မမ။
“ကျစ် စိတ်ပျက်စရာကောင်းတယ်နော်မမ. အဲ့ဒီလိုပွစိပွစိလုပ်နေမယ်ဆိုရင်သွားအိပ်တော့ ကျွန်တော့်ဘာသာလုပ်ပေးတတ်တယ် ဖယ် ”
“အီး ဟီး ဟီး ဟီး ”
“သွင်သွင်လေး ဘာလို့ငိုရတာလဲသမီး
မငိုနဲ့လေကွယ် ”
“Baby. လက်ကအရမ်းကိုက်နေတာလားကလေး ”
“လက်လည်းကိုက်တယ် ကြီးကြီးနဲ့ပါးကြောင့်လည်းစ်ိတ်ညစ်တယ် အဟင့် သေသာသေလိုက်ချင်တော့တယ်
သေလိုက်ပါတော့လား အဟီး ”
“ကလေးရယ် စိတ်ညစ်အောင်လုပ်သလိုဖြစ်ရင် ပါးတောင်းပန်ပါတယ်နော်
မငိုပါနဲ့တော့ ကလေးပင်ပန်းလိမ့်မယ်
”
“မမ. ဖယ် သွားတော့ သွားအိပ်ချည်တော့ ”
“ရောင် ”
“ဟုတ်တယ် ကြီးကြီးသွားတော့ အဟင့် ပါးကိုလည်းဆူတယ် ပွစိပွစိနဲ့ပြောတာက babyရောဂါတွေပိုတိုးတယ် အင့် ဟင့် ”
“ကဲ မမကြားတဲ့အတိုင်းပဲနော် လာ ”
မမထံမှရေဇလုံနဲ့အဝတ်ကိုယူကာစားပွဲပေါ်ယူတင်လိုက်ပြီး မမရဲ့လက်ကိုဆွဲခေါ်သွားရာ
“ရောင် ရောင် မမ”
“သွားလို့ရပြီ သွားအိပ်တော့ အိပ်ရေးပျက်အောင်နှောက်ယှက်သလိုဖြစ်သွားရင်ကျွန်တော်တောင်းပန်တယ် ”
အခန်းအပြင်ဘက်ထိဆွဲခေါ်ထုတ်ရင်း
တံခါးကိုဇွတ်ပိတ်ပစ်လိုက်သည်ကြောင့် မမစိတ်စိတ်ဆိုးသွားမလားမတွေးတက်။
Babyကိုရေပတ်တိုက်ပြီးတော့ နဖူးလေးကိုစမ်းကြည့်လိုက်ရင်း
“Babyလေး သက်သာလား”
“ဟုတ် သက်သာပါတယ် ”
“လက်ကအရမ်ကြီးကိုက်နေသေးလား ”
“အဟင့် ကိုက်တယ်ပါး ”
ကိုယ့်ကလေးလေးရဲ့အသံလေးကငိုသံလေးနှင့်အတူ မျက်ဝန်းအိမ်မှမျက်ရည်တွေကလည်းအဆက်မပြတ်ကျနေပြန်ပါသည်။
“မျက်လုံးလေးမှိတ်ပြီးအိပ်ကြည့်လိုက် အိပ်ပျော်သွားရင်ပျောက်သွားလိမ့်မယ် ”
“အိပ်ပျော်မှာမဟုတ်ဘူးလက်ကိုက်နေတာကိုပဲအာရုံရောက်နေတာ ”
“အဲ့ဒါဆိုမျက်လုံးလေးမှိတ်လိုက် ပါးဘုရားစာရွတ်နေပေးမယ် အဲ့ဒါကိုနှလုံးလေးသွင်းပြီးနားထောင် အဲ့ဒါဆို
လက်ကိုက်တာကပျောက်သွားလိမ့်မယ် ပြီးတော့ အိပ်လည်းပျော်လိမ့်မယ် ”
“ဟုတ် ပါး ”
ရောင် စားပွဲပေါ်မှာအသင့်ရှိနေတဲ့ ဘုရားစာအုပ်လေးကိုဆွဲယူပြီး
Babyရဲ့ဘေးမှာဝင်လှဲလိုက်၏။
သွင်သွင်ကဘေးတစောင်းလေးအိပ်လိုက်ကာ ရောင့်ကိုဖက်ပြီး မျက်ဝန်းလေးတွေကိုဖိပိတ်လိုက်တော့ ရောင်က
ဘုရားစာကိုရွတ်ပေးနေသည်ထိ babyလေးကဒဏ်ရာကကိုက်ခဲနေသည်ကြောင့် ညည်းနေတုန်းပါပဲ။
အချိန်အားဖြင့် နံနက်2နာရီမျှရှိတော့
Babyထံမှညည်းသံမကြားရတော့သည်ကြောင့် စာအုပ်ကိုစားပွဲပေါ်လှမ်းတင်လိုက်ရင်း နဖူးလေးကိုစမ်းကြည့်လိုက်တော့ အသားလေးမှာအေးကျသွားလေပြီ။
“အဟင်း…”
ခုမှပဲစိတ်အေးသွားတော့တယ်။
စိတ်အေးတယ်ဆိုပေမယ့် မအိပ်ဘဲစောင့်နေရင်းမှဘယ်ချိန်အိပ်ပျော်သွားသည်မသိတော့။
~~~~~~~~~~~~~~~~•????
“အင်း ကိုယ်ကတော့မပူတော့ပါဘူး
ဆေးတော့သောက်ရမယ်နော် ”
“ပါးကလည်း…”
“သောက်လိုက်ပါbabyရယ်….”
“ဟင့် ဆေးကအကြီးကြီးပဲကို ”
“အဲ့ဒါဆိုရော့ ဒီဆေးပန်းကန်နဲ့ရေခွက်လေးကိုင်ထား ”
“ဟင် ပါးကဘာလုပ်မလို့လဲ ”
“ချိုးပေးမလို့လေ. ဟောဒီလိုချိုးလိုက်တော့ မြင်လား ဆေးလုံးတွေကမကြီးတော့ဘူး ”
ဆေးပြားတွေဆေးတောင့်တွေကိုကိုချိုးဖဲ့ပေးလိုက်တော့ babyကနှာခေါင်းလေးရှုံ့ပြန်ပါသည်။
ညကမမပြောသလို အလိုလိုက်လိုက်သင့်တဲ့နေရာမှာပဲလိုက်မှဖြစ်မည်ကိုရောင်တွေးမိသဖြင့် babyကိုအတင်းချော့ကာ မရရအောင်တိုက်ရပေလိမ့်မည်။
“သောက်လိုက်ပါbabyရယ် ညကဆေးမသောက်တော့ဘယ်လိုဖြစ်တယ်ဆိုတာသိတယ်မလား ပါးရောကြီးကြီးရောစိတ်ပူရတယ်ကလေးလေးရဲ့ ”
“အဲ့ဒါဆို babyသောက်လိုက်မယ် ”
ပါးဆီကိုဆေးပန်းကန်ပြန်ပေးလိုက်ပြီး
ဆေးယူကာ မျက်လုံးစုံမှတ်ပြီး ရေနှင့်ဇွတ်မျှောချရ၏။
“တော်လိုက်တာကလေးလေးက. သောက်ပြီးသွားပြီ ခါးလား”
“ဟုတ် ခါးတယ် ”
“ရော့ ဒီမုန့်လေးစားလိုက်”
မျက်နှာကြီးကရှုံ့မဲ့နေသည်ကြောင့် ရောင်ကခက်ဟဟလေးရယ်လိုက်ရင်း
မုန့်လေးကိုပေးတော့ ချက်ချင်းယူစားပစ်၏။
“ကဲ ရောင် ရော့ ဒီမှာမင်းရဲ့အိတ် သွားတော့မယ်မလား ”
“အင်း babyကိုဆေးတိုက်ပေးပြီးပြီဆိုတော့ကျွန်တော်သွားတော့မယ် ”
“Baby ပါးအလုပ်ဆင်းတော့မယ် ပါးမရှိချိန်မှာစိတ်ချရအောင်နေ အပြင်လည်းမထွက်နဲ့. လက်ကိုလည်းထိခိုက်မိအုံးမယ် ဂရုစိုက် ”
“ဟုတ် ပါး ”
Babyရဲ့နဖူးလေးကိုနမ်းရှိုက်လိုက်သလိုလက်နှစ်ဖက်ကိုလည်းဆုပ်ကိုင်နမ်းရှိုက်ရင်းစိတ်မချစွာမှာနေသည်။
“မမ. ကျွန်တော် babyကိုစိတ်ချလက်ချအပ်ခဲ့မယ်နော် ဘာမှမဖြစ်စေနဲ့ ဂရုစိုက်အုံး ”
“အမလေး ရောင်ရယ် စိတ်ချလက်ချဆိုတဲ့စကားကပါးလိုက်သေးတယ်လား
ဘေးသူစိမ်းတွေကျနေတာပဲ မမလည်းသွင်သွင်လေးကိုမင်းချစ်တာထက်မလျော့တဲ့အချစ်တွေနဲ့ချစ်ပါတယ်နော်
စိတ်မချရင်လည်း သွားမနေသေးနဲ့အုံး
အရင်မင်းမရှိခင်ကလည်းနိုင်ကမင်းအစားအုပ်ချုပ်ပေးနေခဲ့တာပဲ အခုလည်းနိုင်ရှိတာကို ”
“ဒီနေ့ ကျွန်တော် ရှယ်ယာဝင်တွေကိုmettingလုပ်ဖို့ပြောပြီးသွားပြီ
ကျွန်တော်မသွားလို့မဖြစ်ဘူး ဒီနေ့ကျွန်တော်မသွားရင် ကျွန်တော်ကကတိမတည်တဲ့သူဆိုပြီး ယုံကြည်အားကိုးစိတ်တွေလျော့သွားကြလိမ့်မယ် ”
“Babyကိုစိတ်ချပါပါးရဲ့ စိတ်ချလက်ချသွားနော် ”
“အဲ့ဒါဆိုပါးသွားတော့မယ်နော် ”
“ဟုတ် ”
မမဆီကသားရေလက်ဆွဲအိတ်ကိုယူကာ ကားလေးထဲဝင်သွားသည်ထ်ိ babyကပြုံးကာ တာတာ့လုပ်ပြနေသေးသည်။
~~~~~~~~~~~~~~~•❤❤❤❤
“Rock အိမ်ထဲမှာဒီတိုင်းနေနေရတော့နင်ပျင်းနေမှာပေါ့ ”
“အဟင်း ငါလည်းပျင်းတယ် လမ်းလျှောက်ထွက်ရအောင်လည်း နင်ကအရမ်းဆော့တော့ ငါ့လက်ကဒဏ်ရာကိုထိခိုက်မိမှာဆိုးရတယ်ဟ. ပါးကိုစိတ်မပူစေချင်ဘူး ”
Rockရဲ့ခေါင်းလေးကိုပွတ်သပ်ကာတစ်ယောက်တည်းစကားပြောနေလေစဉ်မှာ ပေါ်တီကိုမှာ ကားတစ်စီးထိုးရပ်သံကြားရ၏။
ပါးများတစ်ခုခုကျန်နေခဲ့လို့ပြန်လာယူတာလားဟုတွေးနေမိပေမယ့် အခန်းထဲဝင်လာတာက ပါးမဟုတ်ဘဲမနေ့ကအန်တီကြီးဖြစ်နေ၏။
“အန်တီ ထိုင်ပါ ”
“သမီးရဲ့ပါးနဲ့ကြီးကြီးရော ”
“ပါးကအလုပ်ဆင်းတယ်ဒီနေ့. ကြီးကြီးကချက်ပြုတ်နေတယ် သမီးခေါ်ပေမယ်နော် ”
“ကြီးကြီးရေ. ”
“ရတယ်သမီး မခေါ်တော့နဲ့. ”
“အဲ့ဒါဆို မနေ့ကပုဝါပြန်လာတောင်းတာလား သမီးကလေ အဲ့ဒီပုဝါလေးကိုကြိုက်နေတာ အန်တီဖြစ်နိုင်ရင်သမီးကိုပေးပါလား ”
“အဲ့ဒီပုဝါလာတောင်းတာမဟုတ်ပါဘူးသမီးရဲ့. သမီးရဲ့အခြေအနေလာကြည့်တာ ပုဝါကိုသမီးကြိုက်ရင် အန်တီအပိုင်ပေးပါတယ် ”
“သမီးသက်သာပါတယ်အန်တီ ခုလိုတကူးတကလာမေးတဲ့အတွက်ကျေးဇူးပါ ”
“သမီးလေးကချစ်စရာလေးနော် နာမည်ဘယ်လိုခေါ်တယ် ”
“အသက်အသွင်ပါအန်တီ ”
“နာမည်လေးရော လူလေးရောချစ်ဖို့ကောင်းတယ်နော် ဒီကောင်လေးကရော နာမည်ဘယ်လိုပေးထားလည်း ”
“Rockပါ”
Rockရဲ့ခေါင်းလေးကိုပွတ်ကာ ပြုံးပြီးမေးနေတဲ့အန်တီဟာ ရင့်ကျက်တည်ငြိမ်နေသလို ပြုံးလိုက်တိုင်း ကမ္ဘာကြီးကိုနွေးထွေးလှပသွားစေသလိုပဲလို့ သွင်သွင့်စိတ်ထဲမြင်နေမိပါတယ်။
“သမီး အိမ်ထဲမှာနေရတာမပျင်းဘူးလား အပြင်လျှောက်လည်မလား အန်တီလိုက်ပို့မယ်လေ ”
“ပျင်းတော့ပျင်းတယ် ပါးကအပြင်မထွက်ခိုက်ဘူး ပါးကသမီးပိုအရမ်းစိတ်ပူတာ “
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)