Sweety Baby - Part 9
“သွင်သွင်ရယ်ဆန်ပြုတ်လေးကိုသောက်လိုက်ပါ အဲ့ဒါမှဆေးသောက်ဖို့အဆင်ပြေမှာပေါ့ ”
“သွင်သွင်ပြောပြီးပြီလေ ဆန်ပြုတ်လည်းမသောက်ဘူး ဆေးလည်းမသောက်ဘူး ”
“ဆေးမသောက်ရင် ဘယ်လိုလုပ်နေပြန်ကောင်းမှာလဲသွင်သွင်ရဲ့. ”
“အို မကောင်းကောင်း သေပါစေကြီးကြီးရယ် သေပါစေ. ခုလိုကြီး သွင်သွင့်ရဲ့ဆန္ဒတွေကိုပါးပိတ်ပင်နေတာထက်စာရင် သေတာမှကောင်းအုံးမယ် ”
ဖြူ လက်ထဲမှဗန်းလေးကို စားပွဲပေါ်လှမ်းတင်ပြီး စိတ်ကောက်နေတဲ့သွင်သွင့်ရဲ့လက်သေးသေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ
“သမီး သွင်သွင် ရောင့်ကိုစိတ်မဆိုးပါနဲ့ကွယ် ရောင်ကသမီးကိုဘယ်လောက်ချစ်ပြီး အလိုလိုက်တယ်ဆိုတာလည်း သမီးအသိဆုံးပါ ”
“အဲ့ဒါနဲ့ အန်တီ့ကိုမပတ်သတ်ခိုင်းတာဘာဆိုင်လို့လဲကြီးကြီးရဲ့ ဒါသတ်သတ်မဲ့ သွင်သွင့်ရဲ့လွတ်လပ်စွာဆုံးဖြတ်ခွင့်ကိုပိတ်ပင်တာ ”
“သမီးရယ် ဆေးသောက်ဖ်ို့အတွက်ဆန်ပြုတ်လေးသောက်လိုက်ပါနော်
နဲနဲဖြစ်ဖြစ်သောက်လိုက်ပါ ”
“သွင်သွင်မသောက်ဖူးလို့ပြောနေတယ်လေ ”
“ခြမ္း´´´”
ဗန်းထဲမှဆန်ပြုတ်ပန်းကုန်ကိုယူကာ ဘေးက်ိုပစ်ပေါက်လိုက်ချိန် အခန်းထဲကိုရောက်လာခဲ့တဲ့ရောင့်ရဲ့ရှေ့ကိုကျကွဲသွား၏။
“အဲ့ဒါဘာဖြစ်နေတာလဲ ”
“ရောင် ”
ရောင့်ရဲ့အသံက သာမန်ထက်ပိုကျယ်သွားခဲ့ပြီး မျက်နှာဟာ ခက်ထန်သွားသည်ကြောင့် သွင်သွင်လန့်သွားခဲ့ရသလို
မျက်နှာလေးရှုံ့မဲ့သွားကာ မျက်ရည်တွေကျလာရင်း
“ပါး Babyကိုအော်တယ် ”
“Babyက…သူစိမ်းတစ်ယောက်အတွက်နဲ့ ပါးကိုအတိုက်အခံလုပ်နေတယ်
အဲ့ဒီလောက်တောင်အဲ့မိန်းမကိုချစ်နေတယ်ဆိုရင် Babyအဲ့ဒီမိန်းမနဲ့သွားနေလိုက်တော့ ”
“ဟယ် ရောင် ဘယ်လိုတွေပြောလိုက်တာလဲ စကားတွေလွန်ကုန်ပြီ ”
“တောက်´´´”
“ဒုန္း ”
တောက်တစ်ချက်ကိုကျယ်လောက်စွာခေါက်ပြီး အခန်းထဲမှပြန်ထွက်သွားကာ
အခန်းတံခါးကိုစိတ်တိုစွာ ပိတ်ပစ်တော့ သွင်သွင့်ရင်ထဲထိတ်လန့်သွားပြီး
ခန္ဓာကိုယ်လေးပင်တုန်သွားသည်။
“အဟီး..ဟီး …ဟီး ”
ရောင့်ရဲ့လုပ်ရပ်ကြောင့် သွင်သွင်လေးအတော်ထိတ်လန့်သွားသည်ကို ဖြူသိသဖြင့် သွင်သွင်လေးရဲ့ဘေး ကုတင်စွန်းမှာဝင်ထိုင်ကာ တအီအီငိုနေတဲ့ကလေးလေးရဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ဖက်လိုက်ရင်း…..
“မငိုပါနဲ့သမီးရယ် မငိုပါနဲ့ကွယ် ”
“ကြီးကြီးပြောတော့ ပါးကသွင်သွင့်ကိုအရမ်းချစ်တာဆို အဟီး ဟီး ပါးကသွင်သွင့်အိမ်ကနှင်တယ် အီး ဟီး ဟီး ”
“သမီးရယ် ရောင်ပြောတဲ့စကားတွေကိုစိတ်ထဲမထားပါနဲ့. သူစိမ်းတစ်ယောက်ကြောင့် သမီးက ရောင့်ကိုကလန်ကဆန်လုပ်တော့ ရောင်စ်ိတ်မကောင်းဖြစ်ပြီး စ်ိတ်တိုသွားတာပေါ့ ”
“မဟုတ်ပါဘူး ပါးသွင်သွင်ကိုမချစ်တော့ပါဘူး ဟင့် ဟင့် ”
သွင်သွင် ကြီးကြီးရဲ့ရင်ခွင်ထဲမှာတရှုံ့ရှံ့နဲ့ငိုနေလေရင်း။
~~~~~~~~~~~~~~~~•❤❤❤❤
“ရောင်ရယ် ဘာလို့ကလေးကို အဲ့လောက်ပြောရတာလဲ ခုတော့ ရောင်ကမချစ်ပါဘူးဆိုပြီး ဝမ်းနည်းငိုနေရှာတယ် ”
“မမ ကျွန်တော်အလုပ်တွေရှုပ်နေတယ် မမနဲ့စကားပြောဖို့အချိန်မရှိဘူး ”
Laptopကိုသာအာရုံစိုက်နှိပ်နေပြီး မမဖြူကိုမကြည့်ဖြစ်။
“ရောင် ”
“ပြောစရာရှိရင်နောက်မှပြောမမ ကျွန်တော်အလုပ်ကိုအာရုံစိုက်မရတော့ဘူး သွားတော့ ”
“အင်းပါ အဲ့ဒါဆိုမမသွားတော့မယ်
ညဉ့်နက်တဲ့ထိမနေနဲ့နော် coffeeသောက်အုံးမလား မမဖျော်ပေးမယ် ”
“ကျွန်တော်မသောက်ချင်ဘူး မမသာကျွန်တော့်အခန်းထဲကအမြန်ထွက်သွားပါတော့ ”
“ဟင်း ”
သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ခေါင်းရမ်းကာအခန်းထဲမှထွက်သွားတဲ့မမဖြူ။။
မမဖြူထွက်သွားတော့ စိတ်ပျက်လက်ပျက်ဖြင့် ခုံကိုမှီလဲချလိုက်ရင်း
“Babyရယ် သူစိမ်းတစ်ယောက်ကြောင့်ပါးတို့ပြသာနာဖြစ်ရတယ် သူစိမ်းတစ်ယောက်ကို ပါးထက်ပိုချစ်သွားတာလား babyကိုအော်မိတဲ့အတွက် ပါးတောင်းပန်ပါတယ် ”
~~~~~~~~~~~~~~~~~•❤❤❤❤
ရာင်အလုပ်ပင်သွားတော့မည်။
ခုချိန်ထိbabyဆင်းမလာသေးသည်မို့
စိတ်တိုနေသေးပေမယ့် စိတ်ပူနေသည်ကြောင့် အခန်းထဲရောက်လာဖြစ်သည်။
ကုတင်ထက်မှာခုချိန်ထိမျက်ဝန်းအစုံကိုဖိပိတ်ထားတဲ့babyရဲ့နဖူးလေးကို အဖျားများရှိနေသေးသည်ကြောင့်မန်ိုးသေးသည်များလားဟုတွေးကာ လက်လေးတင်စမ်းကြည့်တော့အဖျားကမရှိတော့။
ထိုအခါမှစိတ်ချသွားပြီးကလေးရဲ့မနက်ခင်းက ရောင်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ စိတ်ရှုပ်ရမည်ဆိုးသည်ကြောင့် နဖူးလေးကိုခပ်ဖွဖွလေးနမ်းရှိုက်ပြီး နှိုးမနေတော့ဘဲ အခန်းထဲမှထွက်သွားတော့၏။
တံခါးပိတ်သံသဲ့သဲ့လေးကိုကြားသည်နှင့် ဖိပိတ်ထားတဲ့မျက်ဝန်းတွေကိုဖွင့်ချလိုက်သည်။
တစ်ကယ်တော့ သွင်သွင်အစောလေးကတည်းကပင်နိုးနေခဲ့တာ။
ပါးကိုစိတ်ဆိုးနေသေးသည်မို့ ပါးအခန်းထဲကိုဝင်လာကတည်းက အိပ်ချင်ယောင်ဆောင်လိုက်ခြင်းပင်။
မွေ့ယာထက်မှ ချက်ချင်းဆင်းလိုက်ပြီး
ပြတင်းပေါက်ဆီကိုပြေးကာ လိုက်ကာစတွေကိုဖယ်ကြည့်လိုက်တော့
ပါးရဲ့ကားလေးက ခြံထဲမှတရွေ့ရွေ့ထွက်သွားလေပြီ။
~~~~~~~~~~~~~~~~~~•❤❤❤
“မင်္ဂလာပါ ဥက္ကဌ ”
“မင်္ဂလာပါ ”
တက်ကြွတဲ့ခြေလှမ်းတွေနှင့်အတူ လန်းဆန်းပြုံးပျော်နေတဲ့ဥက္ကဌရဲ့မျက်နှာကို ဒီတစ်ခါသာမြင်ဖူးတော့သည်။
“အားလုံးကို ဒီလကုန်ရင် Bonous1သိန်းပေးမယ် ”
“ယေးစ် ပျော်လိုက်တာ ”
“Bonousက1သိန်းကြီးတောင်လား ”
အားလုံးပြုံးပျော်နေကြတော့ နွယ့်ရဲ့စိတ့်တွေပိုပင်ပျော်ရွှင်ကျေနပ်ရ၏။
ထိုနေရာမှထွက်လာခဲ့ပြီး နောက်မှာပါရှိလာတဲ့မန်နေဂျာအား…
“ဇန္ ”
“ဟုတ်ကဲ့ဥက္ကဌ ”
“လက်မှတ်ထိုးစရာရှိတာတွေအကုန်လုံးကိုအခန်းထဲလာပို့လှည့်ပါ ”
“ဥက္ကဌ. ”
“အင်း ဘာပြောစရာရှိလို့လဲ ပြောလေ ”
“ဥက္ကဌ က ဒီလိုလေးပြုံးနေမှ အသက်တော်တော်ငယ်သွားပုံပေါက်ပြီးနုသွားတယ် ”
“အင်း အမြဲတမ်းဒီပုံစံလေးပဲဖြစ်တော့မယ်ထင်တယ်”
“ဥက္ကဌရဲ့သမီးကိုတွေ့လို့လား ”
“မဟုတ်ပါဘူး မတွေ့သေးဘူး
”
အသက်အသွင်ဆိုတဲ့သမီးလေးရဲ့အပြစ်ကင်းပြီးချစ်စရာကောင်းတဲ့မျက်နှာတစ်စုံကိုပြေးမြင်လိုက်ပြီး ကျေနပ်စွာပြုံးလိုက်ကာ
“ဒါပေမယ့် ကလေးတစ်ယောက်ကြောင့် စိတ်ပျော်ရွှင်သလိုခံစားရတယ် ”
~~~~~~~~~~~~~~~~~•❤❤❤❤
သွင်သွင် အန်တီဝယ်ပေးတဲ့ပစ္စည်းတွေကိုစုသိမ်းကာ ဧည့်ခန်းထဲမှာပဲစောင့်နေ၏။
ဒါပေမယ့် ခုချိန်ထိအန်တီရောက်မလာသေး။
အန်တီက သွင်သွင့်ကိုချစ်တယ်ပြောပြီး သွင်သွငိ့ဆီကိုမလာတော့တာများလားလို့တွေးမိကာ မျက်ရည်ကဝဲလာ၏။
“သမီး သွင်သွင်လေး စောင့်မနေပါတော့နဲ့ မလာလောက်တော့ဘူး မနကကလည်းbreakfastမစားဘူး ခုလည်း
နေ့လည်စာစားချိန်ရောက်ပြီ စားပါတော့နော် ”
“မစားဘူး သွင်သွင်စားချင်စိတ်မရှိဘူး”
“အဲ့ဒီလိုမလုပ်ရဘူးလေ ရောဂါရလိမ့်မယ် အဲ့ဒီလိုဆိုရင် ရောင်က စိတ်ပူရမှာနော် ”
“ပါးလား ပါးကတသ်ကိုယ်ကောင်းဆန်တယ်သွင်သွင့်အတွက်စိတ်ပူမှာမဟုတ်ဘူး စိတ်ပူချင်ယောင်ပဲဆောင်လိမ့်မယ် ပါးကသူဖြစ်ချင်တဲ့ဆန္ဒကိုပဲကြည့်တယ် ”
“သမီး ရောင်က သမီးကို ဘယ်သူမှမချစ်နိုင်တဲ့အချစ်နဲ့ချစ်တာ အဲ့ဒီအချစ်ကိုသမီးမစော်ကားသင့်ဘူး တစ်ခါတစ်ရံလောက်မလိုက်လျောခဲ့တာနဲ့
ရောင်သမီးကိုမချစ်ဘူးလို့မတွေးသင့်ဘူး ရောင်လုပ်သမျှအရာတိုင်းကသမီးကိုချစ်လို့ပဲ ”
ကြီးကြီးက. သွင်သွင့်ကိုဒေါသသံဖြင့်ပြောလာတော့ သွင်သွင်မျက်ရည်လေးတွေကျလာခဲ့ပြီး ချက်ချင်းထရက်ကာ ခြေလေးစောင့် ထွက်သွားတော့သည်။
ဖြူတို့တွေအလိုလိုက်ခဲ့သည်ကြောင့်
သွင်သွင်လေးကထိမ်းမနိုင်သိမ်းမရဖြစ်လာတာ။
ဖြူတို့အမှားတွေပါ။
ဖြူ ရုတ်တရက်ကျဆင်းလာတဲ့မျက်ရည်လေးတွေကို လက်ကလေးဖြင့်အသာသုတ်ဖယ်လိုက်ရင်း။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)