Sweety Baby - Part 20
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-1-e1698957746798-200x300.jpg)
မွေ့ယာထက်မှာ…ကုတင်ဘောင်ကိုမှီကာရောင်ကခြေဆင်းထိုင်နေသလို..သွင်သွင်က…ရောင့်ရဲ့ပေါင်ပေါ်ကိုခေါင်းအုံးကာကန့်လက်ဖြတ်အနေဖြင့်…လဲှနေ၏။
နောက်…ပါးကိုင်ထားတဲ့ပန်းကန်ထဲမှ….ပန်းသီးစိတ်ကို…ပါးကိုခွံ့ကျွေးနေရင်း…
“ပါး….Babyစာမေးပွဲကြီးပြီးသွားတာ2ရက်ရှိပြီနော်…”
“အင်း…ဟုတ်တယ်လေbabyရဲ့…ဘာလိုလိုနဲ့…ပါးရဲ့ကလေးလေးကအထက်တန်းကျောင်းကြီးတောင်ပြီးပေါ့…”
“Babyလေ….ပါးကိုခွင့်တောင်းစရာရှိလို့…ပါးbabyဆန္ဒကိုလိုက်လျောပေးမယ်မလား…”
“ပါးက…ဘယ်တုန်းကများbabyဆန္ဒကိုဆန့်ကျင်ခဲ့ဖူးလို့လဲbabyလေးရဲ့…”
“အဲ့ဒါဆို…နောက်တစ်ပတ်တနင်္လာနေ့မှာ…babyတို့အတန်းကကျောင်းသားတွေအားလုံး…ပုဂံကိုဘုရားဖူးသွားကြမှာ…မြန်မာမှန်ရင်ပုဂံကိုရောက်ဖူးရမယ်တဲ့…ပြီးတော့…ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေတော်ရာရှိတဲ့ရွှေစက်တော်ကိုလည်းဝင်မယ်….ကိုဗျတ္တနဲ့မယ်ဝဏ္ဏရဲ့သမိုင်းရှိတဲ့ပုပ္ပါးကိုလည်းသွားမယ်…အဲ့ဒါ…ခွင့်ပြုမယ်မလား…”
“အဲ့ဒါတော့ပါးခွင့်မပြုနိုင်ဘူး…”
“ပါးကလည်း…ပါးပဲbabyဆန္ဒကိုမဆန့်ကျင်ပါဘူးဆို…”
“ဟုတ်တော့ဟုတ်တယ်လေbabyရဲ့…ဒါပေမယ့်…ခုက..ခရီးဝေးကို…ဘယ်လိုစိတ်ချလက်ချလွှတ်နိုင်ရမှာလဲbabyရဲ့…”
ပါးရဲ့ပေါင်ပေါ်မှာလဲှနေရာမှ…ထထိုင်လိုက်ပြီး…ပါးကိုစူးစိုက်ကြည့်လိုက်ပြီး…
“ပါးရယ်…ခရီးဝေးဆိုပေမယ့်…တစ်လကိုးသတင်းသွားမှာမဟုတ်ပါဘူးပါးရဲ့..
တစ်ပတ်ကလေးပဲကြာမှာပါ…”
“အမလေးbabyရာ…တစ်ပတ်ကလေးတဲ့လား…babyကသာပေါ့ပေါ့လေးပြောလိုက်ပေမယ့်…ပါးအတွက်ကလေ…အဲ့ဒါအချိန်အကြာကြီးပဲbabyရ…တစ်ရက်မှာနှစ်ဆယ့်လေးနာရီ….တစ်ပတ်ဆို၁၆၈နာရီ…တစ်နာရီဆို၆၀မိနစ်တစ်ရက်မှာ၂၄နာရီရှိတာတစ်ရက်ကိုမိနစ်၁၄၄၀မိနစ်တစ်ပတ်ဆို10080မိနစ်…တစ်မိနစ်ကိုစက္ကန့်၆၀ရှိတယ်၂၄နာရီတစ်ရက်ကိုစက္ကန့်86400ရှိမယ်ကလေး…အဲ့ဒါဆိုတစ်ပတ်ကိုစက္ကန့်၆၀၄၈၀၀….ကဲ…ဘယ်လောက်တောင်ကြာလိုက်သလဲအချိန်တွေ….ပါးကိုအဲ့လောက်အကြာကြီးခွဲသွားနိုင်လို့လားbabyက…”
ရောင်ကရေရွတ်တွက်ပြလေတော့…babyရဲ့မျက်နှာလေးကရှုံ့မဲ့လာသလို….နှုတ်ခမ်းလေးကလည်းမဲ့လာပြီး….
“အဲ့ဒါဆိုပါး..babyမေးမယ်….8နှစ်ဆိုရင်စက္ကန့်ပေါင်းဘယ်လောက်ကြာသလဲ..”
“Baby…”
“ပါးကျဖြင့်….babyကို၈နှစ်လုံးလုံးပစ်ထားခဲ့ပြီးမှ…babyတစ်ပတ်ကလေးသွားမှာကိုပြောဆိုနေလိုက်တာများ…အဟင့်…ပါးမတရားဘူး…”
“ပါးကbabyအတွက်ပိုက်ဆံတွေကြိုးစားရှာနေတာလေbabyရယ်…”
“မရဘူးကွာ….ဒါကသူငယ်ချင်းတွေနောက်ဆုံးပျော်ပျော်ရွှင်ရွှင်ခရီးထွက်ရမှာ…နောက်ဆိုသူငယ်ချင်းတွေဆုံမှာမဟုတ်တော့ဘူးပါးရဲ့…အထက်တန်းကြီးပြီးလို့…တက္ကသိုလ်ရောက်ပြီဆို…
အားလုံးကတစ်လမ်းဆီခွဲကြရတော့မှာလေ….”
“ဟုတ်ပြီ…ဟုတ်ပြီ…အဲ့ဒါဆို..ပါးလိုက်ပို့ပေးမယ်…”
“ဟာ…ပါးလိုက်ပို့ပေးတော့…ဘာပျော်စရာကောင်းမှာလဲလို့….babyကသူငယ်ချင်းတွေနဲ့အတူ…တစ်ကားတည်းစီးပြီးသွားချင်တာလေ…”
“Baby…”
“ပါး…”
“ပါးကိုမချစ်ဘူးလား..”babyကိုမချစ်ဘူးလား”
နှစ်ယောက်စလုံးရဲ့မေးခွန်းတွေကထပ်တူကျနေပြီး…
“ဟို…Babyကပါးကိုချစ်တယ်လေ…ပါးကိုချစ်လို့…ပါးဆီကခွင့်တောင်းတာလေ….ပါးလည်းချစ်တယ်ဆိုရင်…ခွင့်ပေးပေါ့…”
“babyကအရမ်းသွားချင်နေတယ်ဆိုမှတော့…ပါးတားလို့မှမရတာ…ခွင့်ပေးရမှာပေါ့…”
“ယေး…အဲ့ဒီလိုမှပေါ့ပါးရဲ့…”
ပါးနားကပ်လိုက်ကာ…..ပါးရဲ့ပါးပြင်ကိုရွှတ်ကနဲနမ်းလိုက်ရင်း…
“Babyသိသားပဲ…ပါးကbabyကိုအရမ်းချစ်တော့…babyဆန္ဒမှန်သမျှကိုလိုက်လျောပေးမယ်ဆိုတာ…”
~~~~~~~~~~~~~~~~•******
“ဟယ်…သားခန့်မော်….မနက်စောစောစီးစီး…”
“အိမ်မှာ…အကြီးမုန့်လုပ်တာလေ…အဲ့ဒါdadyက…ဖွားဖွားနဲ့မေမေလေးကိုစားစေချင်လို့ဆိုပြီးပို့ခိုင်းလို့…”
ခန့်မော်လေးဟာ…ဟိုးငယ်ငယ်ကတည်းက…နွယ့်ကိုမေမေလေးလို့သာခေါ်ပါသည်။
တစ်ကယ်တန်းတော့….ခန့်မော်လေးကဦးရဲထက်နောင်ရဲ့သားအရင်းမဟုတ်။
မိဘမဲ့ဂေဟာမှခေါ်ယူမွေးစားထားခြင်းပင်။
သို့ပေမယ့်…ဦးရဲထက်နောင်ကသားအရင်းတစ်ယောက်လိုချစ်ပြီးအလိုလိုက်ရှာပါသည်။
ထို့အတူပဲ…ခန့်မော်အကြီးလို့ခေါ်သည့်…ဦးရဲထက်နောင်၏အမဖြစ်သူဒေါ်လဲ့လဲ့ကလည်းတူအရင်းတစ်ယောက်လိုချစ်၏။
“ကေ်းဇူးပဲသား…”
“ဖွားငယ်ရော….”
“သားရဲ့ဖွားငယ်က…ဘုရားရှိခိုးနေလေရဲ့…”
“သား…စာမေးပွဲရောဖြေနိုင်ရဲ့လား…”
“ဖြေနိုင်တာပေါ့မေမေလေးရ….အနည်းဆုံး2Dတောင်ပါအုံးမှာ…”
“အမယ်…အပေအတေလေးကတွက်ချက်နေလိုက်တာတော့တယ်ဟုတ်ပါလား…”
“သားက…အပေအတေဆ်ိုတာမှန်ပေမယ့်…နဂိုကတည်းကဉာဏ်ရည်ထက်မြတ်တဲ့လူတော်လေးပဲမဟုတ်လား…”
ခန့်မော်လေးရဲ့စကားကို…နွယ်ကသဘောကျစွာတစ်ခစ်ခစ်နဲ့ရယ်မောမိ၏။
“အမလေး…မနက်အစောကြီးရှိသေးတယ်…ငါ့မြေးကရောက်နေတာပါရော…ဖွားငယ်ကိုပြောပါအုံး…ရယ်နေကြတာဘာတွေသဘောကျနေတာတုံး…”
နွယ်နဲ့သားခန့်မော်နဲ့ရယ်မောနေကြတုန်းမေမေကဧည့်ခန်းထဲရောက်လာပြီးထိုင်ပင်မထိုင်ရသေးအမေးကအရင်ရောက်လာ၏။
“မေမေ့ရဲ့မြေးလေ….စာမေးပွဲဖြေနိုင်ရဲ့လားလို့နွယ်ကမေးတာကို…2Dတောင်မှန်းထားသတဲ့မေမေရေ…”
“ဟယ်…ဖွားငယ်ရဲ့မြေးကဘယ်ဆိုးလို့လဲ…”
“မေမေလေးကသားပြောတာကိုမယုံလို့လား…”
“မဟုတ်ပါဘူးတော်…အံ့သြမိယုံပါ…”
“သား…ဆယ်တန်းကို2Dပါရင်…မေမေလေးဘာပေးမှာလဲ…”
“သားလိုချင်တာတောင်း….မေမေလေးပေးမှာပေါ့…”
“အမ်….အဲ့ဒါဆို…သားကမတောင်းပဲ…သားကပေးမယ်ဆိုရင်ရော…”
“အဟော်…အထူးတဆန်းပါလားတော်…မေမေလေးကပဲဂုဏ်ပြုတဲ့အနေနဲ့ပေးရမှာမဟုတ်ဘူးလား…သားကဘာပေးချင်လဲပြောပါအုံး…”
“အဲ့ဒါက….အိမ်ကdadyကိုလေ…ယူမယ်မလား…”
ထိုစကားကိုကြားရတော့…နွယ်ဘာမျှပြန်မပြောပဲ…ပြုံးပင်ပြုံးလိုက်၏။
“စတာပါ…မေမေလေးမလိုချင်မှန်းသိပါတယ်…dadyကသာ…မေမေလေးကြောင့်…အိမ်ထောင်မပြုပဲလုပ်နေတာ..
ပြောမဲ့သာပြောတာပါ…သားကလည်း….တခြားမိန်းမဆိုရင်…dadyနဲ့သဘောမတူပါဘူး…”
“သားdadyအိမ်ထောင်မပြုတာက…သားကြောင့်ပါ…သားလိုဂျစ်ကန်ကန်နေတတ်တဲ့ပုံစံနဲ့….ဘယ်မိန်းမနဲ့မှဖြစ်မှာမဟုတ်ဘူးလေ…”
“အော်….ဒါနဲ့…သားပြောရအုံးမယ်…
နောက်တစ်ပတ်တနင်္လာနေ့မှာ…
သားတို့အတန်းကကျောင်းသားတွေဘုရာဖူးခရီးထွက်မှာ…”
“ဟုတ်လား…ဘယ်ကိုသွားမှာလဲသား…”
“ပုဂံကိုမေမေလေး…”
“ပုဂံ…”
ပုဂံဆိုသည့်စကားကြောင့်….နွယ်အတွေးထဲမှာ…သမီးလေးကဝင်လာပြန်သည်။
သမီးလေးကို….နွယ်ဒီတစ်သက်တွေ့နိုင်ပါအုံးမလား။
နွယ်…ငေးငိုင်သွားရမှ…ပါးပြင်ထက်မှာ..မျက်ရည်စတစ်ချို့ကအမှတ်မထင်ကျလာ၏။
“မေမေလေး…”
“ဟင်…သား…”
“သားပြောလိုက်တာက…မေမေလေးရဲ့ဒဏ်ရာဟောင်းကိုဆွလိုက်သလိုဖြစ်သွားရင်…သားတောင်းပန်ပါတယ်…”
“ဟို…မဟုတ်တာ…မေမေလေး…မေမေလေးဘာမှမဖြစ်ပါဘူးသားရဲ့..”
မျက်ရည်တွေကိုကပျာကယာသုတ်လိုက်သလို…အားယူပြုံး၏။
“သားပြန်တော့မယ်နော်…ချိုင့်က…နောက်မှပဲသားပြန်လာယူတော့မယ်…”
“ဟုတ်သားပဲ….သားနဲ့စကားတွေကောင်းနေတာ…ချိုင့်တောင်လှယ်မပေးဖြစ်လိုက်ဘူး…”
ခန့်မော်ထရပ်လိုက်ပြီးပြန်မည်ပြုကာမှနောက်ပြန်လှည့်လိုက်ရင်း…
“အော်…မေမေလေး…သား2Dပါရင်…
မေမေလေးဆီကသားလိုချင်တာတောင်းမှာနော်…အဲ့အခါကျ..မေမေလေးပေးနိုင်ရမယ်…”
“စိတ်ချပါ…သားလိုချင်တာကို…မေမေလေးပေးမှာ..ကတိပေးတယ်…”
သားခန့်မော်ထွက်သွားတော့…မေမေက..
နွယ့်ရဲ့ပေါင်ကိုလိမ်ဆွဲလာသည်။
“အာ့….နာတယ်မေမေရဲ့…”
“သမီးကကလေးရှေ့မှာသွားငိုပြတော့…ကလေးကမျာဘယ်စိတ်ကောင်းမလဲ…”
“နွယ်ငိုပြတာမဟုတ်ပါဘူးမေမေရယ်..
မျက်ရည်က…သူ့အလိုလိုကျလာတာပဲ…အဲ့ခံစားချက်ကိုမေမေဘယ်နားလည်မလဲ…”
“အဓိပ္ပါယ်မရှိတာတွေလုပ်တာရပ်လိုက်ပါလားသမီးရယ်…မောင်ရဲထက်နောင်က….သမီးကိုဟိုးငယ်ငယ်ကတည်းကချစ်လာတာ…ခုထိပဲ…ဟော…
လဲ့လဲ့ကလည်း..သမီးကိုဆို..ချစ်ပြီးသား…ခန့်မော်လေးကလည်းလက်ခံတယ်…သမီး…”
“တော်ပါတော့မေမေရယ်…တော်ပါတော့…သမီးလေးကိုရှာတာက..နွယ်အဓိပ္ပါယ်မရှိတာတွေလုပ်နေတာမဟုတ်ပါဘူး…ပြီးတော့…ကိုနောင့်ကိုလည်း…နွယ်အကိုတစ်ယောက်ထက်ပိုမရဘူး…သူနဲ့လက်ထပ်ဖို့မတိုက်တွန်းတော့ပါနဲ့…”
မေမေ့နားမှာဆက်မနေချင်တော့သဖြင့်..နွယ်…စားပွဲပေါ်မှချိုင့်ကိုဆွဲယူကာ…မီးဖိုချောင်ဘက်ကိုသာထွက်လာခဲ့၏။
~~~~~~~~~~~~~~~~~~•******
“Baby…ပါးမှာတာတွေကိုမမေ့နဲ့နော်…”
“မမေ့ပါဘူးပါးရဲ့…”
“အဲ့ဒါဆိုပါးမှာတာတွေကိုပြန်ရွတ်ပြပါအုံး..”
“ပထမဦးဆုံးအနေနဲ့က…ဘယ်နေရာရောက်ရောက်..ဘာလုပ်လုပ်ပါးကိုဖုန်းဆက်ရမယ်…ပြီးတော့ကောင်လေးတွေနဲ့ရောရောနှောနှောမနေရဘူး…
အချဉ်အစပ်တွေဝယ်မစားရဘူး…ဗိုက်နာရင်…ပါးကအနားမှာရှိနေတာမဟုတ်ဘူးတဲ့…ပါးကိုစိတ်ပူအောင်မလုပ်ရဘူးတဲ့…ပြီးတော့ရေအကြာကြီးစိမ်မချိုးရဘူး…ခေါင်းလျှော်ပြီးရင်ဆံပင်ကိုရေပြောင်အောင်သုတ်ရမယ်…babyဖျားတယ်ဆိုရင်ပါးနေမထိထိုင်မသာဖြစ်ရမှာတဲ့…ညကိုလည်းစောစောအိပ်ရမယ်တဲ့…”
“ပြီးပြီလား…ပါးမှာတာဒီလောက်ပဲလား…”
“ဟင့်အင်း…အရေးအကြီးဆုံးအချက်ကျန်သေးတယ်…အဲ့ဒါက…ပါးကိုအချိန်တိုင်းသတိရပေးရမယ်တဲ့…”
“အကုန်မှတ်မိသားပဲ…လိမ်မာလိုက်တာ…”
ပါးက…သွင်သွင့်ရဲ့ခေါင်းလေးကိုခပ်ဖွဖွလေးကိုင်ကာပြောလာတော့…ဇတ်လေးပုကာ…ပါးကိုပြုံးပြလိုက်၏။
“ပါး…ပါးလည်း…ထမင်းကိုပုံမှန်စား…ရေအကြားကြီးမချိုးနဲ့…အလုပ်တွေကိုညဉ့်နက်အောင်မလုပ်နဲ့….ပါးကျန်းမာရေးကိုဂရုစိုက်…ပါးအတွေးထဲမှာအမြဲတမ်းbabyပဲရှိပေး…”
“ဟုတ်ကဲ့ပါဗျ…အမိန့်တော်အတိုင်းပါ…”
“ဒါနဲ့…အရေးကြီးတာတစ်ခုရှိသေးတယ်…ကြီးကြီးရဲ့အနားကိုဦးနိုင်မကပ်စေနဲ့နော်…”
“အမလေး…ဒေါ်အသက်အသွင်ရယ်…ဒီကကျွန်တော်မျိုးမကို..အပျိုကြီးလုပ်ခိုင်းတော့မှာလား…”
“အင်း…ဟုတ်တယ်..အပျိုကြီးလုပ်ရမှာ…ကြီးကြီးအချစ်တွေကbabyအတွက်ပဲဖြစ်နေရမှာ..ခွဲမပေးနိုင်ပါဘူးနော်…”
“ဟုတ်ပါပြီရှင်ရယ်….ဒီကမောင်နှမနှစ်ယောက်က…အမိန့်တော်အတိုင်းတစ်သွေမတိမ်းဖြစ်စေရပါမယ်…”
“ဟဲ့…ဘာလုပ်တာလဲ…ငါ့အိတ်…လွှတ်…လွှတ်စမ်း…”
ရုတ်တရက်…လက်ဂေ့ချ်ကိုလာဆွဲသည်ကြောင့်…သွင်သွင်ပြန်ဆွဲယူရင်း…
ထိုသူကိုကြည့်လိုက်တော့…
“ခန့်မော်…”
“ငါကစေတနာနဲ့…နင့်အိတ်ကိုကူသယ်ပေးမလို့ပါ…”
“မလိုဘူး…ပါးရှိတယ်…နင့်ကိုအားကိုးစရာမလိုဘူး…”
“သား…ခန့်မော်…မေမေလေးကပျောက်လို့လိုက်ရှာနေတာ….”
“အော်…သမီး…သွင်သွင်လေး..”
“အန်တီ…”
“တစ်တန်းတည်းတွေလား…သားနဲ့…”
“မေမေလေးက..သူ့ကိုသိတယ်လား..”
“အင်း..သိတယ်လေ…”
“အဲ့ဒါဆိုပြောပေးပါအုံးမေမေလေး…အဲ့ဒီကောင်မလေးအတန်းသားချင်းကိုအရမ်းမာနကြီးတာ..သားကလက်ဂေ့ချ်ကိုကူသယ်ပေးဖို့ကို…”
ခန့်မော်ကစကားမဆုံးသေး…ရောင်..လက်ဂေ့ချ်ကိုဖျက်ကနဲဆွဲယူလိုက်ကာ….
“Babyပစ္စည်းကိုထိစရာမလိုဘူး…မင်းအားနေရင်…တစ်ခြားသူတွေပစ္စည်းကိုသွားသယ်လိုက်…”
“အန်ကယ်ကလည်း….သဝန်ကြောင်လိုက်တာ…”
ထိုကောင်လေးရဲ့အပြုအမူတွေပြောစကားတွေကြောင့်…ရောင်ရုတ်ချည်းဆိုသလိုမျက်နှာမှာနီရဲလာပြီး…လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်က..အတော်ဒေါသထွက်နေခြင်းပင်။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)