Sweety Baby - Part 21
“ခန့်မော်ကအန်တီ့ရဲ့သားလား…”
“သားတော့မဟုတ်ဘူးပေါ့….အန်တီတို့နဲ့ခန့်မော်နဲ့ကအိမ်နီးချင်းလေ…ခန့်မော်ရဲ့အဖေနဲ့အန်တီနဲ့ဆိုတာလည်းငယ်ပေါင်းတွေပေါ့…ခန့်မော်က…အန်တီ့ကိုဟိုးငယ်ငယ်ကတည်းက…မေမေလေးလို့ခေါ်လာခဲ့တာ…”
“အင်း….ထင်တော့ထင်သားပဲ…အန်တီကဒီလောက်ချောပြီး…နူးညံ့သိမ်မွေ့တာသူ့လိုစရိုက်နဲ့ဘယ်လိုအန်တီ့ရဲ့သားဖြစ်နိုင်မှာလဲနော်…”
စရိုက်ဆိုသည်ကြောင့်…ခန့်မော်ဒေါသအထွက်သွားကာ…အန်ကိုကြိတ်…လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း…သွင်သွင့်ကိုခပ်စေ့စေ့ကြည့်လိုက်ပြီး…
“ငါကမိဘမဲ့တစ်ယောက်…ဘယ်ဥကပေါက်မှန်းမသိတဲ့အတွက်…ငါ့ရဲ့စရိုက်က….dadyတို့…မေမေလေးတို့လိုဘယ်နူးညံ့မလဲ….”
“သား…ခန့်မော်…သား…”
ဒေါသထွက်ပြီး…သွင်သွင်တို့ရှေ့မှထွက်သွားလေတော့…နားမလည်နိုင်စွာကျန်ခဲ့သည်ကသွင်သွင်။
“သွင်သွင်…”
မဒီနဲ့ယုဝါက…လက်ဂေ့ချ်ကိုကိုယ်ဆီဆွဲကာ…ခပ်သွက်သွက်လေးပြေးလာခဲ့ကြ၏။
“ရောက်နေတာကြာပြီလား….”
“အင်း…ကြာနေပြီ…”
“သွားရအောင်လေ…”
“အင်း…သွားမယ်လေ…”
မျက်ဝန်းဝိုင်းဝိုင်းလေးနှင့်ချစ်စရာကောင်းလွန်းသည့်အမူအရာနှင့်အတူ….babyက…ရောင့်ဘက်ကိုလှည့်ကြည့်ရင်း…ပြုံးပြလိုက်ကာ…
“ပါး…babyသွားတော့မယ်လေ…”
ခန့်မော်ကြောင့်…ပါး…babyကိုစိတ်မချဖြစ်နေသည်ကိုbabyအတပ်သိသည်
ကားပေါ်ကိုအမြန်သွားမထိုင်နေလျှင်..
ပါးစိတ်ပြောင်းသွားပြီး…babyမလိုက်ရပါဘူးဆိုလျှင်ဖြင့်ဒုက္ခ။
ခန့်မော်အနားရောက်လာကတည်းက
ပါး…ဘာစကားတစ်ခွန်းမှမပြောဘဲ…
ကျောက်ရုပ်ကဲ့သို့ရပ်နေသည်မဟုတ်ပါလား။
“နော်….နော်…”
မျက်တောင်လေးပုတ်ခက်ပုတ်ခတ်ဖြင့်..
ခွင့်တောင်းလာသည်ကြောင့်…စိတ်ဆိုးချင်သည့်ရောင်မထိန်းနိုင်ဘဲ…ပြုံးမိသွား၏။
အစကတော့…စိတ်မချသဖြင့်…မလွှတ်တော့ဘူးဟုဆုံးဖြတ်ထားပေမယ့်
ကိုယ့်ကလေးကအရမ်းသွားချင်နေသည့်ဆန္ဒရှိသည်ကြောင့်…ရောင်မတက်သာတော့။
“အင်း…ပါးလိုက်ပို့ပေးမယ်…”
“ဟုတ်…”
လိုက်ပို့ပေးမည်ဆိုတော့ချက်ချင်းခေါင်းငြိမ့်ဟုတ်လုပ်ပြီး…
“အဲ့ဒါဆို…ပါး…လက်ဂေ့ချ်ကိုသွားပို့ထားလိုက်လေ…babyရှူ းပေါက်ချင်လို့…Toilet သွားအုံးမယ်…”
Babyကစကားအဆုံး..ပြေးထွက်သွားပြီးမှ…ရုတ်တရက်နောက်ပြန်လှည့်လိုက်ကာ…
“ပါး…ကားလည်းထွက်သွားအုံးမယ်…
Babyကိုစောင့်ခိုင်းပေးအုံး…”
“ထွက်သွားလည်းကောင်းတာပေါ့babyရ…”
“ဟာ…ပါးနော်…babyမသွားတော့ဘူး..”
ပါးဘက်ကိုတည့်တည့်လှည့်လိုက်ပြီး…
ခြေလေးစောင့်ကာ..စူပုပ်သွားသည့်အမူအယာနှင့်အတူပြန်လျှောက်လာတဲ့
babyက…ကားထွက်သွားမည်ဆိုးသည်ကြောင့်။
“ပါးကbabyကိုချစ်လို့စတာပါ…စိတ်ချလက်ချသွားပါ…babyပြန်မလာမချင်း
ကားထွက်မသွားစေရဘူး…စိတ်ချ..”
“မသွားတော့ဘူး…”
“တစ်ကယ်မသွားဘူးလား…”
“မသွားဘူး….”
“အဟင်း…မသွားချင်လည်းbabyသဘောပါ…တော်ကြာနေမှဖြင့်…ကားပေါ်ရောက်မှမအောင့်နိုင်လို့ရှူ းထွက်ကျရင်…”
“ပါး…မစဘဲနေလို့မရဘူးလား…”
“Babyကအသည်းယားလောက်အောင်ချစ်ဖို့ကောင်းနေတာကိုး…”
“ရောင်….သွင်သွင်လေးကိုစမနေတော့နဲ့…တော်ကြာကားနောက်ကျနေလိမ့်မယ်…”
“ကားနောက်ကျရင်ပါးကိုစိတ်ဆိုးမှာ…”
ခြိမ်းခြောက်စကားပြောပြီးbabyထွကိသွားလေရဲ့။
“ဦးရောင်…သွင်သွင့်ရဲ့လက်ဂေ့ချ်ကို
မဒီတို့ပဲသယ်သွားလိုက်မယ်…”
“ရတယ်…မင်းတို့…babyပြန်အလာကိုစောင့်နေကြအုံးမှာလား…”
“ဟုတ်…စောင့်နေအုံးမယ်…”
မမဖြူရဲ့နားနားကပ်ကာ…ရောင်တီတိုးပြောဆိုလိုက်တဲ့စကားကြောင့်…
ဖြူမျက်လုံးပြူးသွားရပြီး…
“ရောင်…”
နောက်….မမဖြူရဲ့လက်ထဲကိုကားသော့ကိုထည့်ပေးလိုက်၏။
“မင်းတို့…အိတ်တွေအရင်သွားထားရင်ကောင်းမယ်…ပြီးမှ..ကားနားကစောင့်နေပေါ့…”
~~~~~~~~~~~~~~~~~•******
သွင်သွင်..Toiletကပြန်လာတော့…ပါးနဲ့ကြီးကြီးကိုမတွေ့တော့သလို…မဒီနဲ့ယုဝါက…ကားနားမှရရပ်စောင့်နေ၏။
ဟင့်…ပါးကလည်း…ပြန်သွားတာတောင်babyကိုမစောင့်ဘူး။
နှုတ်ခမ်းလေးဆူပြီး…တီးတိုးရေရွတ်လိုက်သလို….မျက်နှာလေးကညိုးသွား၏။
သုံးယောက်သားကားပေါ်တက်လိုက်ကြပြီး…မဒီနဲ့သွင်သွင်ကရှေ့ခုံမှာထိုင်လိုက်ကာ….ယုဝါက…သွင်သွင်တို့နောက်ကခုံမှာပင်ဝင်ထိုင်လိုက်၏။
သုံးယောက်လုံးနေရာယူပြီးမကြာ…
ယုဝါနားရောက်လာတဲ့လူတစ်ယောက်ကြောင့်…ယုဝါမျက်လုံးပြူးသွားရ၏။
သူက….ဦးမင်းသက်တန့်ရောင်။
~~~~~~~~~~~~~~~~~•*****
“အားလုံးပြီးဆုံးသွားတော့….ရင်တစ်ခုလုံးကြေသွားသလား.××ו”
“ကိုယ်ချင်းစာပါတယ်….အိုသူငယ်ချင်း.
သိပ်မဆန်းဘူး×××.”
“ရှေ့ဆက်ပြီးတော့တွေ့ကြရမှာပဲ…ဆုံးရှုံးခြင်းကတို့တွေပြေးမလွတ်နိုင်×××…..”
“မောပန်းလွန်းတဲ့မင်းရဲ့မျက်နှာလေး….ဖြေသိမ့်လိုက်×××….”
“အိုသူငယ်ချင်းရှေ့ဆက်မင်းဘဝဟာ..
အမြဲချိုမြိန်ပါစေ….အောင်မြင်ပါစေ×××…”
“တစ်ခါတစ်ရံမှာခါးသီးလည်းကျော်ဖြတ်လိုက်ပေါ့လေ×××…”
“ဟိုအရင်တစ်ချိန်ကကြေကွဲခြင်းမင်းမျက်ရည်…မြစ်ပြင်ကျယ်မှာမျှော×××…”
“ပင်လယ်ကြီးစီးကာနေ…အားတင်းကာ…လျှောက်လေ×××…”
လမ်းတစ်လျှောက်လုံး…သီချင်းဖွင့်ပြီး…
ကျောင်းသားအားလုံးပျော်ပျော်ပါးပါးသီချင်းတွေဆိုနေကြ၏။
ရောင်…babyကိုစိတ်မချသဖြင့်…babyမသိအောင်…လိုက်ပါလာခဲ့ပြီး။
ယုဝါရဲ့ဘေးမှာထိုင်၏။
အားလုံးကပျော်ပျော်ရွှရွှင်သီချင်းဆိုကခုန်လျက်ဖြစ်နေကြပေမယ့်…ယုဝါကတော့…ဦးမင်းသက်တန့်ရောင်ကဘေးမှာရှိနေသဖြင့်…သိပ်မကဲရဲ။
အားလုံးထဲမှာ…ကိုယ့်babyကအသံသေးသေးလေးနှင့်ဆိုနေသည်ကစူးထွက်နေသည်။
Babyဒီလောက်ပျော်နေသည်ကိုကြည့်ပြီး..ရောင်ကျေနပ်စွာပြုံးနေ၏။
“ယုဝါ…ဆိုလေ…ဆို…”
“အေး..ဆိုနေတယ်လေ…”
“နင်ဘာဖြစ်နေတာလဲ…မလှုပ်တလှုပ်နဲ့…”
“ဘာမှမဖြစ်ပါဘူး…”
Babyကတော့…နောက်မှာထိုင်နေတဲ့ရောင့်ကိုခုချိန်ထိသတိမပြုမိသေး။
~~~~~~~~~~~~~~~~~•***
နေ့လည်12နာရီသာသာမှာ…ထမင်းစားဖို့အတွက်ကားရပ်နား၏။
ကျောင်းသားအားလုံးထမင်းစားရန်စားသောက်ဆိုင်ထဲဝင်ကာနေရာယူနေကြ၏။
ရောင်…phစက်ဖွင့်လိုက်တော့…
နိုင့်ထံမှ…ph callတွေအများကြီးဝင်ထားသည်ကိုတွေ့သဖြင့်…နိုင့်ဆီကိုphခေါ်ရသေးသည်။
“တီ….တီ…”
“ဟဲလို…”
“အေး…နိုင်…”
“ခွေးကောင်မင်းသက်တန့်ရောင်…မင်းဘယ်လိုလုပ်လိုက်တာလဲ…”
“ငါဘယ်လိုလုပ်လိုက်တာလဲမမဖြူမပြောဘူးလား…”
“မင်းကတော့ကွာ…ဒီနေ့…ပုဂံမှာHotelဆောက်ဖို့အတွက်meetingရှိတယ်လေ….မင်းကရုတ်တရက်ရောက်ချမလာတော့…ငါရှယ်ယာဝင်တွေအကုန်လုံးကိုတောင်းပန်လိုက်ရတာကွာ…တော်သေးတာအားလုံးကနားလည်မှုရှိပေးလို့…”
“ကျေးဇူးပဲနိုင်…ငါ့အတွက်ဖြေရှင်းပေးလို့…”
“ဒီလောက်အရေးကြီးတဲ့အစည်းအဝေးကိုပစ်ထားခဲ့နိုင်တယ်လို့…”
“ဘယ်အရာကမှbabyလောက်အရေးမကြီးဘူး….”
“အေးပါကွာ…ငါပဲစကားမှားပြောမိတာပါ…ငါအလုပ်လေးတွေရှုပ်နေလို့…ဖုန်းချတော့မယ်ရောင်ရေ…”
“အင်း…”
ဖုန်းချပြီးဆိုင်ထဲကိုလှမ်းကြည့်တော့…babyဘေးမှာဝင်ထိုင်တဲ့မနက်ကကောင်လေးကြောင့်…ရောင်အူတိုသွား၏။
Babyကတော့…ကောင်လေးဝင်ထိုင်သည်နှင့်…မတ်တပ်ရပ်လျက်ပြီးစကားများနေဟန်။
အဲ့လိုတွေဖြစ်လာမယ်ဆိုတာမနက်ကတည်းကကြိုသိနေလို့…ရောင်လိုက်လာခြင်းပင်။
ခြေလှမ်းကြဲကြီးတွေနဲ့ဆိုင်ထဲကိုလျှောက်သွား၏။
“ဟဲ့…ထိုင်ပါစေပါဟယ်…ပြောင်းရွှေ့မနေတော့နဲ့…သူများတွေကြည့်နေတယ်…”
“ကြည့်ကြည့်ပေါ့….ဘယ်သူ့မှဂရုစိုက်မနေဘူး…”
“ဟဲ့…နင်ထွက်သွားရင်သွား…နင်မသွားရင်ငါသွားမယ်…”
“ထမင်းလေးအတူထိုင်စားတာကိုအဖြစ်သည်းမနေပါနဲ့သွင်သွင်ရယ်…”
“ယောကျာ်းလေးဖြစ်ပြီး…နင့်သူငယ်ချင်းတွေနဲ့သွားစားပါလား…မိန်းကလးတွေနဲ့ရောရောထွေးထွေးလာမနေနဲ့…”
“ဘာလဲ…ငါနင့်ကိုဒီလောက်လေးပတ်သတ်တာကိုမကြိုက်ဘူးလား…”
“ဟုတ်တယ်ငါမကြိုက်ဘူး…ပါးလည်းမကြိုက်ဘူး…ဖြစ်နိုင်ရင်လေ..အောင်ခန့်မော်…နင်…ငါတောင်ဝင်ရိုးစွန်းမှာနေရင်တောင်…နင်မြောက်ဝင်ရိုးစွန်းမှာနေပေး…”
ပြတ်ပြတ်သားသားငြင်းဆိုတဲ့စကားတွေကြောင့်..နောက်မှာရောက်နေတဲ့ရောင်ကလက်ပိုက်ကာပြုံးပြီးနားထောင်နေပြီးမှ…
“Baby…”
“ဟင်…ပါး…ပါး..ဘယ်လိုရောက်လာတာလဲ..”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)