Sweety Baby - Part 23
ထမင်းစားနားပြီးနောက်….အားလုံး.
ခရီးဆက်ထွက်ကြသည်။
မနက်ပိုင်းကအသံခပ်စွာစွာနဲ့သီချင်းတွေအော်ဆိုနေတဲ့ကိုယ့်babyက
ခုတော့…ရောင်ဝယ်ပေးတဲ့
မုန့်တွေကိုစားကာ…ငြိမ်နေလေရဲ့။
“Baby…”
“ဟင်…”
မုန့်ကိုပါးစပ်ထဲထည့်နေတုန်းခေါ်လိုက်
သည်ကြောင့်…စားနေတာကိုရပ်ပြီး
ပါးကိုကြည့်လိုက်တော့…
ပါးက…သွင်သွင့်ပါးစပ်ထဲကိုတစ်ဝက်ထားတဲ့မုန့်အား…ပါးစပ်ချင်းထိကာ..
စားလိုက်လေသည်။
“ပါး…ဘာလို့babyမုန့်ကိုလာလုစားတာလည်း…babyမှာဖြင့်လက်ပေခံပြီးစားရတာကို…ပါးကလက်ပေမှာဆိုးတိုင်း…babyပါးစပ်ထဲကမုန့်ကိုလုစားတယ်…ရော့..သွား..စားတော့ဘူး..”
ငိုမဲ့မဲ့လေးဖြင့်…နှုတ်ခမ်းလေးစူလာတဲ့
babyက…လက်ထဲကမုန့်ကို…အတင်းထိုးပေးလာသည်ကြောင့်
“Babyကလည်း…ပါးကတစ်ကယ်တော့…အဲ့မုန့်ကိုစားချင်တာမဟုတ်ဘူး.
Babyရဲ့နှုတ်ခမ်းလေးကို…
စားချင်တာ…အဲ့နှုတ်ခမ်းလေးကို
ပါးရှေ့တိုးပေးရင်ကောင်းမယ်…”
“ဟင့်…ပါးကနှာဘူးပဲ…”
“ကိုယ့်babyလေးကိုပဲဘူးတာပါကွာ..”
နှာခေါင်းလေးကိုဖွဖွလေးဖြစ်ကာပြောလိုက်တော့…babyကသဘောကျစွာပြုံးရယ်နေ၏။
“Baby…သီချင်းတွေအော်မဆိုတော့ဘူးလား…”
“ဆိုဘူး…”
“ဘာလို့လဲbabyရ…”
“Babyကအသံကျယ်ကြီးအော်ဆိုလို့..
အသံမကောင်းရင်…ပါးကရယ်မှာပေါ့လို့…”
ချွဲနွဲ့နွဲ့လေးပြောလာတဲ့babyရဲ့ခေါင်းလေးကို…အသားယားလွန်းလို့…ဖွဖွကိုင်တော့…ဇတ်လေးပုနေတဲ့babyက..
ရောင်ရဲ့ရင်ခွင်ထဲမှာရယ်ကျဲကျဲလေးဖြင့်သာ။
ချစ်လို့မဝလိုက်တာbabyရယ်။
“Babyအသံကကောင်းပါတယ်babyရ.
မနက်ကပါးနားထောင်ကြည့်တာ…
ဟိုအကောင်လေးအသံနဲ့တူတယ်…”
“အမ်…ဘယ်အကောင်လေးလဲ…”
“ပုရစ်သံလေ…”
“ဟာ…ပါး…babyအသံကိုသေးညောင်ညောင်လေးလို့ပြောတာပေါ့လေ..”
နဂါးမျက်စောင်းလေးပါးကိုပစ်လိုက်ကာ…ပါးရဲ့လက်ကိုချွန်မြမြသွားတွေနဲ့ကိုက်ချလိုက်ပေမယ့်…ပါးထံက..
ညည်းသံသဲ့သဲ့တောင်ထွက်မလာသည်ကြောင့်…ခေါင်လေးမော့ကာ..
မျက်လွှာပင့်ကြည့်လိုက်တော့…ပြုံးစစရှိနေတဲ့ပါး။
လက်ကိုကြည့်လိုက်တော့…သွားရာအထင်းသားမှာ…သွေးစတွေတောင်ထွက်နေပြီမဟုတ်ပါလား။
“ပါး….ဘာလို့မအော်တာလည်း..မနာဘူးလား…”
“မနာပါဘူးbabyရဲ့…”
“ဟုတ်လို့လား…”
“တစ်ကယ်…”
“ပါးကမနာဘူးဆိုပေမယ့်…လက်ကလေးကနာသွားပြီတဲ့…အုံဖွနော်..”
လက်လေးကိုကိုင်ကာပြောနေသည့်babyရဲ့ချစ်စဖွယ်အမူအရာကို…
သဘောတကျရယ်နေမိသည်က..
ကားတစ်စီးလုံးမှာ…သူတိူ့နှစ်ယောက်တည်းရှိနေသလိုပင်…မိုးမမြင်လေမမြင်။
Babyရဲ့လက်တွေကိုတစ်ရှူ းစဖြင့်သုပ်ပေးလိုက်ပြီး…babyကို…ကိုယ်တိုင်ပင်မုန့်ခွံ့ကျွေးနေတာက…babyလက်တွေပေမှာဆိုးလို့ပင်။
ဘေးဝန်းကျင်ကိုမသိမသာဝေ့ဝဲကြည့်လိုက်ပြီး…အလိုက်တသိရှိလှသည့်ပါးရဲ့….ပါးနှစ်ဖက်ကို..ရွှတ်ကနဲ…ရွှတ်ကနဲနမ်းလိုက်တော့…နှစ်ဦးသားရယ်ရယ်မောမောသာရှိနေကျလျက်။
“ပါး…”
“ဗ်…”
“Babyကိုချစ်လား…”
“ချစ်လိုက်ရတာတုန်နေရောပဲ…သိရဲ့လားအူတုန်းသဲတုန်းလေးရဲ့…”
“ပါးထက်…babyကပိုချစ်တာပါ..”
“ပါးကပိုချစ်တာပေါ့babyရ…”
“အာ…babyချစ်တာကိုပါးကမယုံတာလား…babyကပိုချစ်တာပါဆို…”
“ဟုတ်ပြီဟုတ်ပြီ…babyကပိုတာဗျာ..”
“သိသားပဲ…ပါးကbabyကို…babyချစ်တာလောက်မချစ်နိုင်ဘူးဆိုတာ…babyကတော့ချစ်လိုက်ရတာ…”
“မဟုတ်တာBabyရာ…ပါးကBabyကိုအရမ်းချစ်တာလေ…”
“Babyကပိုချစ်တာလေ…babyလောက်မှပါးမချစ်တော့…”
“ဒီလောက်စကားများလှတဲ့ကောင်မလေး…..စကားနည်းသွားအောင်…အဲ့ဒီနှုတ်ခမ်းလေးကိုအပြစ်ပေးရတော့မယ်..”
“စတာစတာ…Babyကစတာ”
ထိုအခါမှ…လက်လေးနှစ်ဖက်ဖြင့်…
နှုတ်ခမ်းလေးကို…အုပ်လိုက်သည်က
ရင်ထဲလှစ်ကနဲလှစ်ကနဲဖြစ်သွားရလောက်သည်ထိ။
“ပါး…babyသီချင်းနားထောင်ချင်တယ်.
”
“နားထောင်လေ…အဲ့ဒါဆို…ပါးလည်း..အလုပ်ကလေးလုပ်လိုက်အုံးမယ်.”
ခေါင်းလေးညိမ့်ပြတော့…ရောင်…ဖုန်းလေးနှင့်နားကြပ်ကိုbabyကိုကမ်းပေးလိုက်၏။
ပါးပေးတဲ့ဖုန်းနဲ့နားကြပ်ကိုယူပြီးသီချင်းနားထောင်တော့…ပါးက..အိတ်ထဲမှ..
Laptoptကိုဖွင့်ကာ..ပုဂံကHotelပြန်လည်ဖွင့်တော့မည့်အတွက်အရေးပါတဲ့
စားရင်းဇယားတွေကိုလုပ်နေလျက်။
အချိန်အတော်ကြာတော့….သွင်သွင်
နားကျပ်ကိုဖြုတ်လိုက်ပြီး…
“ပါး…မရောက်သေးဘူးလား…”
“ဝေးတယ်လေBabyရဲ့…တော်တော်လိုသေးတယ်…”
“Babyပျင်းလာပြီ…”
“ပါးဘာလုပ်ပေးရမလဲပြော…”
ခဏမျှကြာအောင်စဉ်းစားလိုက်တဲ့babyက…မျက်နှာလေးဝင်းလက်သွားသလို…လက်ညိုးလေးထောင်ကာ….
“ဟုတ်ပြီ…”
ဘေးမှာချထားတဲ့ကျောပိုးအိတ်လေးထဲမှ…make-up boxအသေးလေးကိုထုတ်လိုက်သည်ကြောင့်…
“ပါး…Babyကိုအလှပြင်ပေးရမှာလား..
ပါးကအဲ့ဒီဘက်ကိုမကျွမ်းကျင်ဘူးဆိုတော့…မလှရင်…ပါးကိုအပြစ်မတင်ရဘူးနော်…”
ရောင်ပြောတဲ့စကားကို…babyက
ပြုံးကာ….ခေါင်းရမ်းပြလေတော့။
~~~~~~~~~~~~~~•****
“တော်ပြီbabyရ….ဒီလောက်ဆိုရမှာပါ..”
“နေပါအုံးပါးရဲ့…babyကပါးကို…
အလှဆုံးလေးဖြစ်အောင်ပြင်ပေးနေတာကို…”
make-upလိမ်းခြယ်ပြီး…ပါးနှစ်ဖက်ပေါ်ကို…ပါးနီလိမ်းခြယ်နေတဲ့babyကို
တော်ဖို့ပြောနေပေမယ့်…ပြင်ပေးနေဆဲ။
ဆံပင်ကိုလည်း….ရှေ့မှာ…နှစ်ဖက်ထောင်စည်းပေးထားသေး၏။
“ဟိုး…ရပြီ…လှသွားပြီပါး…”
မှန်ဝိုင်းသေးသေးလေးနှင့်ထောင်ပြလိုက်တော့…ကိုယ့်ရုပ်ကိုကြည့်ပြီး…
တော်တော်ရယ်ချင်မိသွား၏။
“လှသားပဲ…ကိုယ့်babyကတော်ပါလား…”
လက်ထဲမှဖုန်းလေးကိုBabyကလှမ်းယူလိုက်သလို…
“အဟီး…နှစ်ယောက်အမှတ်တရပုံရိုက်ရမယ်…”
“နေပါအုံးBabyရဲ့…”
“ဟင်…ဘာလို့လဲ…”
“Babyနှုတ်ခမ်းကဖြူဖျော့နေတယ်babyရဲ့…”
“ဟုတ်လားပါး…”
နှုတ်ခမ်းလေးကိုပြန်ကိုင်ကာမေးပြီး…
လက်ထဲမှမှန်ကိုဆွဲယူကြည့်တော့..
“ဟုတ်သားပဲ…”
“ပါးဆိုးပေးမယ်…”
“ပါးကဆိုးတက်လို့လား…”
မယုံသင်္ကာ အကြည့်လေးနှင့်အတူမေးလာသည့်baby …
“ဆိုးတတ်တာပေါ့…”
Boxထဲမှနှုတ်ခမ်းနီဗူးကိုယူကာ…နှုတ်ခမ်းနီဆိုးပေးလိုက်ပြီး…
“ဒီလိုဆိုတော့အဆင်ပြေသွားပြီ…
ပါးbabyကိုဓာတ်ပုံရိုက်ပေးမယ်…”
“နေအုံးလေ…babyမှန်ကြည့်အုံးမယ်..”
“ကြည့်စရာကိုမလိုတာ…ပါးအပေါ်confidenceမရှိတာလား…”
“ဟုတ်ပါဘူးပါးရဲ့….ရိုက်မှာဆို…
Babyကိုလှလှလေးရိုက်ပေးနော်…
ပါးဝယ်ပေးတဲ့ဖုန်းအသစ်လေးမှာ..
Facebookအကောင့်ဖောက်ပြီး…
Profileတင်ရမယ်…”
“Baby….facebookသုံးမှာလား…”
“ဟုတ်တယ်လေ…သူငယ်ချင်းတွေလည်း…သုံးကြမှာပဲကို…ဘာလဲ…ပါးက
Babyကိုချုပ်ချယ်မလို့လား…အဲ့လိုဆို.
Babyအော်ငိုမှာနော်…”
“အော်တော့မငိုပါနဲ့babyရာ…
ပါးဘာမှမပြောဘူး..အားလုံး..babyစိတ်တိုင်းကျ…ပြုံးပြုံးလေးနေ…ပါး…
ပုံရိုက်ပေးတော့မလို့…”
“ဟုတ်…”
Babyကပုံစံအမျိုးမျိုးနေပြတော့ရောင်..
ကဓာတ်ပုံရိုက်ရင်းရယ်နေမိ၏။
ဓာတ်ပုံရိုက်ပြီးတယ်ဆိုလျှင်ပဲ…
“ပါး…ဘာလို့ရယ်နေတာလဲ…”
“ဘာရယ်မဟုတ်ဘူး…သဘောကျလို့ပါbabyရယ်…”
“ပေးပေး…babyဘယ်လောက်လှလဲကြည့်အုံးမယ်…”
ပါးလက်ထဲကဖုန်းကိုယူကြည့်လိုက်လေတော့….နှုတ်ခမ်းနီဆိုးထားသည်က..နှုတ်ခမ်းရဲ့အပြင်ဘက်ထိတောင်ရောက်နေလေရဲ့….။
အဲ့ဒီပုံတွေကိုမြင်တော့…သွင်သွင်ပါးကို…မကျေမနပ်အကြည့်ဖြင့်ကြည့်လိုက်သလို…ဖုန်းကိုလက်ထဲပြန်ကမ်းထည့်ပေးကာ..နှုတ်ခမ်းလေးမဲ့ကာ…ငိုပါတော့သည်။
“ပါး….အရမ်းအကျင့်ပုတ်တာပဲ…babyကို….အဟီး…ဟီး…
Babyကဖြင့်…လှလှလေးပြင်ပေးထားတာကို…ဟီး..ဟီး..ဟီး…”
“ပါး…ပါးအလှဆုံးဖြစ်အောင်ဆိုးပေးထားတာပါ…”
ပါးရဲ့ကိုယ်ကြီးကိုထုရိုက်လိုက်ပြီး…
“ဘယ်မှာလဲအလှဆုံး….ဘယ်မှာလဲ..
ဟီး…”
“ရှူ း…အဲ့လောက်ကြီးမငိုနဲ့လေ..
သူငယ်ချင်းတွေကိုစိတ်အနှောက်အယှက်ဖြစ်စေလိမ့်မယ်…”
အဲ့လိုပြောလာမှ…သွင်သွင်…သူငယ်ချင်းတွေကိုဝေ့ဝဲကြည့်လိုက်တော့…
အားလုံးရဲ့အကြည့်တွေက…သွင်သွင်းဆီရောက်လာသလို…တခိခိနှင့်ရယ်နေကြာတာကြောင့်…ပါးရဲ့လက်မောင်းကိုတွန်းထုတ်လိုက်တာ….
“အင့်…ဟင့်…ပါးကိုခေါ်တော့ဘူး…”
တစ်ဖက်ကိုစောင်းလှည့်သွားကာ…
စိတ်ကောက်သွားလေရဲ့။
“Baby…”
“ခေါ်နက်….ပါးမကောင်းဘူး…”
“အဟော…အစောကပဲbabyပြောတာ.
ပါးကိုconfidenceရှိတယ်ဆို…”
ထိုသို့ပြောလိုက်ပေမယ့်…ဘာစကားမှပြန်မလာသလို…တိတ်ဆိတ်သွားတာ။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)