Sweety Baby - Part 24
“Baby…”
“ခေါ်နက်….ပါးမကောင်းဘူး…”
“အဟော…အစောကပဲbabyပြောတာ.
ပါးကိုconfidenceရှိတယ်ဆို…”
ထိုသို့ပြောလိုက်ပေမယ့်…ဘာစကားမှပြန်မလာသလို…တိတ်ဆိတ်သွားတာ။
“Baby…”
ရောင်ခေါ်နေပေမယ့်…မထူးဘဲ…
တိတ်ဆိတ်နေတဲ့babyဟာ..
တိတ်တဆိတ်မျက်ရည်ကျ…ငိုကျွေးနေတယ်ဆိုတာရောင်အတပ်သိသည်။
“အ့…အား….အောင့်လိုက်တာ..”
ရင်ဘက်ကိုဖိကာညည်းညူလိုက်သည့်ရောင်။
ပါးရဲ့ညည်းသံကြောင့်…သွင်သွင်..
နောက်ကိုဖျက်ကနဲကြည့်လိုက်သလို..
“ပါး…ပါး…ဘာဖြစ်တာလဲ…”
“ရင်ဘက်ထဲကအောင့်နေတယ်…”
“ဟင်…ဘယ်လိုဖြစ်ရတာလဲပါး…
အရမ်းအောင့်နေလား…”
“အရမ်းအောင့်တယ်baby…”
“ဟာ…ပါး…ဘာလုပ်တာလဲ…
ဖယ်…ဖယ်..လွှတ်…babyကိုညာတယ်..”
ရင်ခွင်ထဲကိုထည့်ချုပ်ထားခြင်းခံရသည်ကြောင့်…အတင်းရုန်းနေတဲ့baby။
“ပါးမညာပါဘူး…babyပါးကိုစိတ်ဆိုးရင်…ပါးရဲ့ဟောဒီဘယ်ဘက်ရင်အုံက..
စူးကနဲကိုအောင့်တာ…”
“ဒီလိုလူလည်ကျလို့ဘယ်ရမလဲ…”
“အား…နာတယ်baby…လွှတ်…လွှတ်လိုက်ပါတော့ကွာ…”
ရင်ဘက်ကိုကုန်းကိုက်လိုက်ရာ…ကိုက်မိသည့်နေရာက…ရောင့်ရဲ့ရင်အုံတည့်တည့်။
“ဟွန့်…မှတ်ပလား…”
ခါးလေးထောက်နှုတ်ခမ်းလေးဆူကာပြောလိုက်တယ်ဆိုလျှင်ပဲ…ရောင်ရင်ဘက်ကိုလက်နဲ့အုပ်ကာ…
“Babyရာ…ပါးရဲ့ချယ်ရီသီးလေးကြွေသွားတော့မလို့…တော်သေးတယ်၊…”
“ကျေနပ်သွားပြီ…”
မျက်ခုံးလေးပင့်ပြီး…ကျေနပ်သွားတဲ့အမူအရာလေး။
“ကျေနပ်သွားပြီဆိုတော့…စိတ်ကောက်ပြေပြီမဟုတ်လား…”
“ပြေသွားပြီ…”
“ပါး….ဖုန်းပေး…ပါးကိုပြန်ရိုက်ပေးမယ်…”
ပါးကိုပုံရိုက်ပေးနေရင်းမှပုံတွေကိုကြည့်ကာ…သဘောကျစွာရယ်နေတဲ့baby။
ပါးရဲ့နေ့ရက်တွေကို…ရက်ရာဇာလား.
ပြသာဒါးလားကြည့်ဖို့ပြက္ခဒိန်မလိုပါဘူးbabyရယ်။
Babyပြုံးပျော်နေတဲ့ရက်တိုင်းဟာ…
ပါးအတွက်ရက်ရာဇာပါပဲကွယ်။
~~~~~~~~~~~~~~~~~•**
နောက်နေ့ညနေ3နာရီခွဲလောက်မှာပဲ..
ပုဂံမြို့ကိုရောက်၏။
Babyကတော့ခရီးအတော်ပန်းနေသည်ကြောင့်ရောင့်ရဲ့ပခုံးပေါ်မှာအိပ်ပျော်နေဆဲ။
တည်းခိုဖို့ကိစ္စဆရာမနဲ့တိုင်ပင်ချင်ပေမယ့်…babyကပခုံးပေါ်အိပ်ပျော်နေသည်ကြောင့်ထလိုက်လျှင်babyလေးနိုးသွားမည်လည်းဆိုးသည်။
ဒါကြောင့်…နောက်ကိုအသာလှည့်လိုက်ကာ…
“ယုဝါ…”
“ရှင်…ဦးရောင်…”
“သမီးတို့ဆရာမကို…ဦးခေါ်ခိုင်းတယ်လို့သွားပြောပေးပါ..”
“ဟုတ်…”
ယုဝါထထွက်သွားပြီးခဏအကြာ…ဆရာမနှင့်အတူပြန်လာ၏။
“ဦးမင်းသက်တန့်ရောင်…နွဲ့ကိုခေါ်တာ
ဘာကိစ္စရှိလို့လဲ…”
“ဆရာမ…ကလေးတွေတည်းဖို့အတွက်ဘယ်လိုစီစဉ်ထားလည်း…”
“နွဲ့ကတော့…ကလေးတွေအားလုံး..
ဆင်းရဲချမ်းသာမရွေး…တပြေးညီနေနိုင်အောင်…ဈေးသက်သာတဲ့တည်းခိုဆောင်လေးငှါးဖို့စီစဉ်ထားတယ်…
နေမှာကလည်း..တစ်ပတ်လောက်ဆိုတော့…အဲ့လိုမှအဆင်ပြေမယ်ထင်တယ်လေ…”
“ကျွန်တော်ကတော့…ကလေးတွေအားလုံး…သက်တောင့်သက်သာရှိရှိနဲ့နားနိုင်ဖို့…Hotelမှာပဲတည်းဖို့စီစဉ်ချင်တယ်…အားလုံးဘယ်နှစ်ယောက်ရှိလည်းဆရာမ…”
“45ယောက်ရှိပါတယ်…ယောကျာ်းလေး15ယောက်…မိန်းကလေးက30.”
“အဲ့ဒါဆို…တစ်ခန်းကို3ယောက်နဲ့တွက်ရင်…15ခန်းကျမယ်….ဆရာမအတွက်တစ်ခန်းဆို16ခန်း..Hotelမှာပဲတည်းကြမယ်…အားလုံးအတွက်အခန်းခကို…ကျွန်တော်ခံပါမယ်…”
“အဲ့လိုဆိုတော့လည်းပိုအဆင်ပြေတာပေါ့…ကျေးဇူးတင်ပါတယ်ဦးမင်းသက်တန့်ရောင်…”
“ShadowHotelကိုပဲခိုင်းလိုက်ပါ…”
“ဟုတ်…နွဲ့ပြောလိုက်ပါမယ်…”
~~~~~~~~~~~~~~~•***
“Baby…”
အိပ်ပျော်ဆဲဖြစ်တဲ့babyကို
တိုးညှင်းစွာခေါ်လိုက်တော့…
မျက်လုံးလေးကပွင့်လာပြီး..
“ပါး…ရောက်ပြီလား…”
“ရောက်ပြီကလေး…ဆင်းကြအောင်…”
“Babyအရမ်းမူးတာပဲ…”
“လမ်းရောလျှောက်နိုင်ရဲ့လား…”
“ဟင့်အင်း…အရမ်းမူးပြီး…နုံးခွေနေတယ်…”
အားလုံးကားပေါ်ကဆင်းကုန်ကြတော့
babyရဲ့ကျောပိုးအိတ်သေးသေးလေးကိုဘေးကလွယ်လိုက်သလို..babyကို
ကျောပိုးလိုက်၏။
အောက်ရောက်တော့…လက်ဂေ့ချ်ကိုဆွဲကာ…Hotelထဲကို…ကိုယ်ကပဲဦးဆောင်ဝင်လိုက်၏။
“မင်္ဂလာပါ…”
“မင်္ဂလာပါ…”
“အခန်း17ခန်းလိုချင်တယ်…”
“အကို…အခန်းလွတ်က10ခန်းပဲရှိတော့တယ်…တစ်ခြားအခန်းတွေကဘိုကင်ယူပြီးသားတွေဖြစ်နေပါတယ်…”
“ကျွန်တော်….အခန်းခကိုနှစ်ဆပေးမယ်…”
“ဦးမင်းသက်တန့်ရောင်…အဲ့လောက်ကြီးအကုန်မခံပါနဲ့….ရှင်နဲ့သွင်သွင်တို့ပဲဒီHotelမှာနေမလား…ကျွန်မတို့..တခြားတည်းခိုးဆောင်လောက်ပဲသွားတည်းလိုက်မယ်…”
“ရပါတယ်…အဲ့လောက်ကလေးပဲ…
မများပါဘူး…”
“အကို…နှစ်ဆပေးလည်းမရပါဘူးရှင့်…”
“မရဘူးလား…အဲ့ဒါဆိုလည်း
ရတဲ့နည်းလမ်းကိုသုံးရမှာပေါ့…”
“တီ…တီ…”
ရောင်…ဖုန်းကိုထုတ်ကာ…ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်ပြီး…speakerကိုဖွင့်လိုက်ရင်း…
“ဟယ်လို…ဦးမင်းသက်တန့်ရောင်…”
“ဦးနေမင်းကို…ကျွန်တော်ခုပုဂံကိုရောက်နေတယ်…”
“အော်…ဟုတ်လား…အဲ့ဒါဆို…ကျွန်တော်တို့်Hotelမှာပဲတည်းပါ…
ကျွန်တော်Hotelကိုဖုန်းဆက်ပြီး..
အခန်းစီစဉ်ပေးဖို့ပြောလိုက်မယ်…”
“ကျွန်တော်Hotelကိုရောက်နေပြီ…
ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး…ကျွန်တော့်babyရဲ့သူငယ်ချင်းတွေနဲ့…ကျောင်းသားတွေပုဂံကိုဘုရားဖူးလာတာပေါ့…အဲ့ဒါအခန်းက17ခန်းလိုချင်တာ…10ခန်းပဲရတယ်ပြောနေတယ်..”
“ဦးမင်းသက်တန့်ရောင်လိုချင်ရင်…
အခန်း17ခန်းမဟုတ်ဘူး…Hotelကအခန်းအကုန်ယူချင်လည်းဖြစ်အောင်လုပ်ပေးမယ်…ခု..counterကဝန်ထမ်းကိုပေးလိုက်ပါ…”
အားလုံးကထိုစကားသံကိုကြားတော့
အဲ့လောက်ထိချုပ်ကိုင်လွှမ်းမိုးနိုင်စွမ်းကိုအံ့သြနေကြသလို…ဝန်ထမ်းမလေးတွေလည်းခေါင်းငုံ့နေကြလျက်။
“ဟုတ်ကဲ့သူဌေး…”
“ဦးမင်းသက်တန့်ရောင်တို့အတွက်
အခန်းလိုချင်သလောက်ကိုဖြစ်အောင်လုပ်ပေးလိုက်ပါ…”
“ဟုတ်ကဲ့…ကျွန်မဖြစ်အောင်လုပ်ပေးလိုက်ပါမယ်သူဌေး..”
“ပြီးတော့…ခုလိုအခက်တွေ့အောင်လုပ်လိုက်တဲ့အတွက်ပြန်တောင်းပန်လိုက်..”
“ဟုတ်ကဲ့..”
“ဦးမင်းသက်တန့်ရောင်…”
“ပြောပါ…”
“ကျွန်တော်လည်းတောင်းပန်ပါတယ်..”
“ကလေးတွေအားလုံးက…ခရီးဝေးကြီးလာရတာ…အရမ်းပင်ပန်းနေကြတော့တန်းနားချင်ကြတာ…ခုတော့ဒီမှာအချိန်ဖင့်နေရတယ်…အထူးသဖြင့်…
ကျွန်တော့်baby…သူအရမ်းခရီးပန်းနေတယ်…ကျွန်တော်…ဒီဝန်ထမ်းတွေကို
စိတ်ပျက်တယ်…”
“အဲ့ဒါဆို…ဦးမင်းသက်တန့်ရောင်ကျေနပ်အောင်…ကျွန်တော်…အလုပ်ထုတ်ပေးလိုက်မယ်…”
“တောင်းပန်ပါတယ်…ကျွန်မတို့ကိုခွင့်လွှတ်ပေးပါ…အလုပ်တော့မထုတ်လိုက်ပါနဲ့နော်…”
“ပါး…အဲ့လောက်ကြီးလည်းမလုပ်ပါနဲ့..
သူတို့တွေကလည်းတသ်ကယ်အခန်း
မလောက်လို့မလောက်ဘူးပြောတာပဲကို…ခုဖြစ်ချင်တဲ့အတိုင်းလုပ်ပေးမယ်မလား…ခွင့်လွှတ်ပေးလိုက်က်ပါနော်…”
“ဦးနေမင်းကို….သူတို့ကိုအလုပ်မထုတ်ပါနဲ့…ကျွန်တော်စိတ်ပျက်တယ်ဆိုတာသိစေယုံပါ….ရှယ်ယာကိစ္စဆွေးနွေးဖို့ကိုတော့…ကျွန်တော်ရန်ကုန်ြ့န်ရောက်မှဆွေးနွေးကြတာပေါ့…”
“တီ…”
တစ်ဖက်ကစကားပြန်တာကိုပင်စောင့်မနေတော့ဘဲ..ဖုန်းကိုချလိုက်၏။
“အရင်ဆုံး…အခန်းနှစ်ခန်းကိုအရင်ပေးပါ…ပြီးရင်…ကျန်တဲ့အခန်းတွေကိုတော့…ဒီဆရာမကိုပေးလိုက်…”
“ဟုတ်ကဲ့…”
“သံပုရာရည်တစ်ခွက်ပါလာပို့လှည့်…အမြန်ဆုံးလိုချင်တယ်…”
စကားအဆုံး…ဝန်ထမ်းမလေးတစ်ယောက်က…counterမှထွက်သွား၏။
“ယုဝါနဲ့မဒီ…သွားမယ်…”
“ဟုတ်..ဦးရောင်”
လက်ဂေ့ချ် ကိုနှစ်ယောက်သားဆွဲယူလာကြပြီး…liftထဲကိုဝင်ကာ…
နံပါတ်15ကိုနှိပ်လိုက်၏။
အလွှာ15ကိုရောက်တယ်ဆိုလျှင်ပဲ…
ယုဝါလက်ထဲကို…ကပ်တစ်ကဒ်နဲ့သော့တစ်ချောင်းပေးလိုက်ကာ…
“Babyခရီးပန်းနေလို့…ဦးအခန်းထဲမှာခဏပေးနားအုံးမယ်…”
“ဟုတ်…ဦးရောင်…”
ရောင်…အခန်းထဲကိုဝင်လိုက်ပြီး..lockချလိုက်ကာ…ကုတင်မှာ
Babyကိုချလိုက်၏။
သွင်သွင်လည်း…ခရီးအတော်ပန်းနေသည်ကြောင့်…မွေ့ယာပေါ်မှာချက်ချင်းနေရာယူကာလဲှလိုက်သည်။
“Baby…ဘယ်လိုနေနေလဲ…မသက်သာဘူးလား…”
“ဟုတ်တယ်ပါး…babyခေါင်းအရမ်းမူးနေတယ်…တစ်ခါမှခရီးမထွက်ဖူးလို့ဖြစ်မယ်…တစ်မှေးလောက်အိပ်လိုက်ချင်သေးတယ်…”
“ခဏနေသံပုရာဖျော်ရည်ရောက်လာမှာ…အဲ့ဒါလေးသောက်လိုက်ရင်သက်သာသွားလိမ့်မယ်…အဲ့ဒါသောက်ပြီးမှအိပ်နော်…”
“ဟုတ်…”
ပင်ပန်းလွန်း၍ရှုံ့မဲ့နေတဲ့babyရဲ့ပါးလေးကို…အမြတ်တနိုးလေးငုံ့နမ်းလိုက်သည့်ရောင်။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)