Sweety Baby - Part 26
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-1-e1698957746798-200x300.jpg)
“ခင်ဗျားဒါဘာလုပ်တာလဲ…”
လက်ထဲကကင်မရာကိုအတင်းဆွဲခံလိုက်ရသည်ကြောင့်ကြည့်လိုက်လေတော့…ဦးမင်းသက်တန့်ရောင်ပင်။
“ပါး…”
သွင်သွင်လည်း….ပါးဆီကိုခက်သွက်သွက်လေးလျှောက်လာခဲ့၏။
“ငါကမင်းကိုမေးရမှာ…ချာတိတ်…”
ကင်မရာမှာရိုက်ထားတဲ့…babyရဲ့ပုံကိုပြပြီး…
“ဒါဘာလုပ်တာလဲ…”
ခန့်မော်တစ်ချက်မဲ့ပြလိုက်ပြီး…
“သဘာဝအလှတွေက….ရုတ်တရက်..
ကင်မရာရဲ့ချိန်ကွင်းထဲပေါ်လာလို့…
ကျွန်တော်ရိုက်မိတာပါ…ဘာလဲ…ဘီးကြဲကသဝန်ကြောင်တာလား…ငယ်ငယ်ရွယ်ရွယ်မိန်းကလေးကိုမုန့်ပေးကြိုက်ပြီး…
မျှဝေသုံးစွဲရမှာကြောက်နေတာလား…”
ရောင်ဟာသိက္ခာရှိတဲ့…
လူကြီးလူကောင်းတစ်ယောက်မို့…
ထိုဆယ်ကျော်စက်အရွယ်ချာတိတ်ရဲ့
စကားတွေကြောင့်…အတော်ဒေါသထွက်ပေမယ့်…ဒေါသကိုထိန်းကာ..
နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ရင်း..
ကင်မရာထဲမှ…စတစ်ကိုထုတ်ယူကာ..
ချိုးပစ်လိုက်ပြီး…ကင်မရာကို…ထိုကောင်လေးထံပစ်ပေး၏။
“ဟာ…ခင်ဗျား…ဘယ်လိုလုပ်လိုက်တာလဲ…”
“မင်းမြင်တဲ့အတိုင်းပဲချာတိတ်…”
“ခင်ဗျားဒီတိုင်းထွက်သွားလို့မရဘူး..”
“ဒါဘုရားပေါ်…ဘုရားပေါ်မှာစကားများမယ်ဆိုရင်လူမြင်မသင့်ဘူး…
မင်းမကျေနပ်ရင်ငါ့နောက်လိုက်ခဲ့။
ဒီထက်တစ်ခြားစကားတွေပြောလာရရင်…ဒါက…ဘုရားပေါ်မှာဖြစ်သည်ကြောင့်…အမြင်မတင့်မဟုတ်လား။
“သွားမယ်baby…”
ငှက်ပစ်တောင်အောက်ရောက်…မြင်းလှည်းပေါ်တတ်ကာ….ရောင်နဲ့သွင်သွင်ထွက်လာခဲ့တော့…နောက်မှ…
ခန့်မော်ကမြင်းလှည်းတစ်စီးကိုငှါးပြီးလိုက်လာ၏။
“ပါး…ခန့်မော်လိုက်လာပြီ…အေးအေးဆေးဆေးပဲဖြေရှင်းပါနော်…
ပြသာနာအကြီးအကျယ်ဖြစ်ရင်
မကောင်းဘူး…”
“ကိုယ်အေးအေးဆေးဆေးပဲဖြေရှင်းမှာပါ…babyစိတ်မပူနဲ့…စိတ်အေးအေးထား…”
လူသူရှင်းလင်းတဲ့နေရာတစ်ခုအရောက်…သစ်ပင်ရှိတဲ့အရိပ်ကလေးဆီကိုမြင်းလှည်းဝင်ရပ်လိုက်ပြီး…မြင်းလှည်းပေါ်မှဆင်းလိုက်၏။
ခန့်မော်ကလည်း…ထပ်ကြပ်မကွာရောက်လာပြီး…မြင်းလှည်းပေါ်မှဆင်းလာ၏။
“ဒီမှာဘီးကြဲ…လူငယ်တွေက…
လူငယ်သဘာဝ…လူငယ်ချင်းသဘောကျတာကို…ခင်ဗျားကသဝန်ကြောင်တယ်လား…အဲ့လိုမဖြစ်ချင်ရင်…ခငဗျားနဲ့ရွယ်တူကိုရှာရွေးလိုက်ပါလား…
အဟက်..နွားအိုမြတ်နုြကို က်…”
“ဖြန်း´´…”
“Baby…”
ပါးကိုအေးအေးဆေးဆေးဖြေရှင်းပါလို့..ပြောထားပေမယ့်…သွင်သွင်ကိုယ်တိုင်ကအေးဆေးမဖြေရှင်းနိုင်ဘဲလက်ပါမိတာ။
သူက…ပါးကိုနွားအိုမြတ်နုကြိုက်ဆိုပြီးဆဲရေးတာလေ။
ဘယ်လိုလုပ်လက်မပါပဲနေနိုင်မလဲ။
သူကထင်ထားတာထက်ရိုင်းတာပဲ။
“နင်…ပါးကိုအဲ့ဒီလိုမဆဲရေးနဲ့…”
“သွင်သွင်…အဲ့ဒီဘဲကြီးက..
နင့်ကိုတမင်မြူဆွယ်နေတာ…
နင်ကတော့ဆယ်ကျော်သက်အရွယ်ဆိုတော့…ချစ်တယ်ဆိုတာနဲ့ရင်ခုန်တတ်တာ…အဲ့ဒါကိုဒီဘဲကြီးအခွင့်ကောင်းယူပြီးနင့်ကိုအပိုင်ကြံတာ….”
“တော်တော့ခန့်မော်…နင်ပါးကိုဘာမှမစွပ်စွဲနဲ့…နင့်ကိုငါရှင်းရှင်းပဲပြောမယ်…
ငါပါးကိုချစ်တယ်…ပြီးတော့…
ငါအသက်ပြည့်တာနဲ့ပါးနဲ့လက်ထပ်တော့မှာ…”
“သွင်သွင်..”
“ငါပြောလို့မပြီးသေးဘူး…
ပါးကငါ့ကိုချစ်တယ်လို့စပြောတာမဟုတ်ဘူး…ငါ့ဘက်ကပါးကိုချစ်တယ်ပြောတာ…ပါးကိုအဖြေတောင်းတာငါပဲ…”
Babyစွာတေးလေးက…ခါးလေးထောက်ကာ…အတိအလင်းပြောလိုက်လေတော့…ရောင်..ထိုချာတိတ်ကိုမျက်ခုံးပင့်ပြလိုက်၏။
“က်စ်..”
“ဘီးကြဲ..ကျွန်တော့်အလှည့်ဆိုတာရောက်လာအုံးမှာပါ…ခင်ဗျားအခွင့်ရှိတုန်းတော့…ပျော်ထားအုံးပေါ့…”
ထိုမျှထက်ပိုမပြောနိုင်တော့ဘဲ…ခန့်မော်မြင်းလှည်းပေါ်တက်ကာ…ပြန်လှည့်ထွက်သွား၏။
“ပါး…”
“ပါးဘယ်လိုစိတ်ချနိုင်မလဲ…babyရယ်”
“ပါးကလည်း…babyကပါးကိုအရမ်းချစ်တာပါ…ဘယ်လိုလူတွေလာကပ်တွေနေပါစေ…babyလုံးဝအဲ့လူတွေကိုလှည့်ကြည့်မှာမဟုတ်ဘူး…babyရဲ့မျက်လုံးထဲမှာ…ပါးတစ်ယောက်တည်းကိုပဲမြင်တာ…”
“ကိုယ့်babyကစကားတွေတောင်တတ်လာပြီပဲ…ပါးကိုစိတ်ချမ်းသာအောင်ပြောနိုင်တယ်…”
“babyကလေ…ပါးစိတ်ချမ်းသာအောင်ပဲပြောတာမဟုတ်ပါဘူးနော်…လက်တွေ့မှာလည်း…ပါးစိတ်ချရလောက်အောင်နေတယ်..”
“ဟင်…ပါးကလည်း…”
ရုတ်တရက်…ပါးလေးကိုရွှတ်ကနဲနမ်းလိုက်သည်ကြောင့်…ပါးလေးကိုကိုင်ကာ…ရေရွတ်လိုက်လေတော့။
“ကိုယ့်babyကိုဆုချတာလေ…”
“အဟင်း…ဆုကြီးကလည်းနော်..”
“ဘာလဲ…babyသဘောမက်ဘူးလား..”
“က်တာပေါ့…”
တစ်ခစ်ခစ်နဲ့babyနဲ့ရောင်…ပြုံးရယ်နေကြတာ။
ဒီလိုပျော်ရွှင်စရာတွေဟာ…ရောင်နဲ့သွင်သွင်တို့အတွက်…တစ်သက်သာအတူရှိနေနိုင်မယ်လိမ့်မယ်လို့ပဲ..
ယုံကြည်ထားကြလျက်။
~~~~~~~~~~~~~~~~•***
“ကျေးဇူးပဲနိုင်ရယ်…
အရင်ကရောင်မရှိပေမယ့်….သွင်သွင်လေးအဖော်ရှိတော့ဖြူနေရဲတယ်..
ခုတော့တစ်ယောက်တည်းမနေရဲဘူး
ကျောချမ်းသလို…ညကဆိုအိပ်ကိုမပျော်ဘူး…”
“ညကတည်းက…ကျွန်တော့်ကိုဖုန်းဆက်ခေါ်လည်းရပါတယ်မမဖြူရဲ့…”
“အချိန်မတော်ဖြစ်နေပြီလေ…အဲ့အချိန်လှမ်းဆက်ရင်…နိုင်အိပ်ရေးပျက်မှာပေါ့…မနက်ကျရင်လည်းအလုပ်သွားရအုံးမှာဆိုတော့…ဖြူ ဒုက္ခပေးသလိုဖြစ်မှာ…”
“ကျွန်တော့်အတွက်တော့…ဒုက္ခလို့မမြင်ပါဘူး…မမဖြူပေးသမျှအရာအားလုံးက…ကျွန်တော့်အတွက်သုခတွေပဲ..”
ထိုစကားကိုတော့…ဖြူ…ပြုံးရယ်နေလိုက်ယုံသာ။
“ထမင်းရောစားခဲ့ပြီးပြီလားနိုင်…”
“မမဖြူစားပြီးပြီလား…”
“ဟင့်အင်း…”
“အဲ့ဒါဆိုအတူတူစားကြတာပေါ့…”
“အတူတူစားကြတာပေါ့ဆိုတော့…
ဘယ်သူကနိုင့်ကိုထမင်းဖိတ်ကျွေးသလဲ…”
“ဟာ…မမဖြူကလည်း…”
“စတာပါ…ကဲ..လာ…အတူတူစားဖို့..
အတူတူပြင်ကြတာပေါ့..”
နိုင်…မမဖြူနဲ့…နှစ်ယောက်တည်း..
ပထမဆုံးထမင်းလက်ဆုံစားဖူးတာပင်။
ထမင်းစားပြီး…အိပ်ဖို့ကြံတော့…
မိုးတွေခြိမ်းသလို…လေတွေတဝေါဝေါနှင့်တိုက်ခတ်လာသလို…မီးကလည်းဖျက်ကနဲပျက်သွားတာ။
“နိုင်…”
“ကျွန်တော်ရှိတယ်…မကြောက်နဲ့မမဖြူ…”
ထမင်းစားခန်းထဲမှာနှစ်ယောက်သားရှိနေစဉ်မီးပျက်သွားသည်ကြောင့်.
တစ်အိမ်လုံးမှောင်မဲသွားတာ…
တစ်ယောက်နဲ့တစ်ယောက်ပင်မမြင်တော့။
“အမေ့…”
နိုင့်ဆီကိုစမ်းတဝါးဝါးလျှောက်သွားစဉ်ခလုတ်တိုက်မိသွားကာ..လဲကျသွားပေမယ့်…အောက်ကိုလဲကျသွားခြင်းမဟုတ်ဘဲ…နိုင်ဖမ်းမိလိုက်တာ။
နိုင့်ရင်ခွင်ထဲကိုရောက်သွားတဲ့ဖြူ…
ရင်ခုန်လှိုက်မောနေတာ။
နိုင့်ရင်ခွင်ထဲမှအတင်းရုန်းထွက်လိုက်တော့…နိုင်ကဖုန်းမီးဖွင့်လိုက်၏။
နှစ်ယောက်သား…ထမင်းစားပွဲကိုသိမ်း
ပန်းကန်တွေကိုဆေးကြောကာ…
အိပ်ဖို့အခန်းဆီပြန်လာ၏။
“ကျွန်တော်…ဘယ်အခန်းမှာအိပ်ရမလဲမမဖြူ ….”
ဖြူ …လျှပ်စီးတစ်ဝင်းဝင်း…မိုးတွေကသဲ
မှောင်ကလည်းမှောင်နေသည်ကြောင့်.
“ဖြူ အခန်းထဲမှာအိပ်ပါလား…”
“မမဖြူ က…ကျွန်တော့်ကိုယုံတယ်ပေါ့.”
“ဘာမယုံစရာရှိလဲနိုင်ရယ်…တို့တွေက
ဟိုးငယ်ငယ်ကတည်းက…အတူကြီးပြင်းလာကြတာပဲ…”
နိုင်နဲ့မမဖြူ…အခန်းတစ်ခန်းထဲမှာအတူအိပ်သည်ဆိုပေမယ့်…မမဖြူကိုကုတင်ပေါ်အိပ်ခိုင်းပြီး…နိုင်ကအောက်မှာပင်အိပ်၏။
“နိုင်ရယ်….မင်းလုပ်ပုံကတော့…
ဖြူ ငရဲကြီးတော့မှာပဲ…အောက်မှာမအိပ်ပါနဲ့လား…”
“ကျွန်တော့်ကိုအောက်မှာမအိပ်နဲ့ဆိုတော့…မမဖြူ နဲ့အတူ…ကုတင်ပေါ်တတ်အိပ်ရမှာလား…”
“အို…အဲ့လိုလည်းဘယ်ဟုတ်မလဲနိုင်ရဲ့…”
ဖြူ …နိုင့်စကားကြောင့်…ရှက်သွားကာ.
မျက်နှာလေးပန်းရောင်သန်းသွားပြီး..
ရှိန်းကနဲပူသွားသည်က…မီးပျက်နေပြီး.
မီးအိမ်ရဲ့မှိန်ပျပျအလင်းရောင်ကြောင့်နိုင်မသိနိုင်။
“အဲ့ဒါဆိုဘယ်လိုလဲ…”
အဲ့ဒီလိုဆိုတော့ဖြူမဖြေတတ်တော့သည်ကြောင့်တိတ်ဆိတ်သွား၏။
“ကောင်းကောင်းအိပ်ပါမမဖြူ …ငရဲမကြီးပါဘူး…”
နိုင်က…အောက်မှာခေါင်းအုံးယူပြီး..
လဲှကာဆောင်ခြုံလိုက်၏။
ဖြူလည်း…လဲှအိပ်ကာ…တစ်ဖက်ကိုလှည့်အိပ်လေတော့…။
“မမဖြူ ….ကျွန်တော့်ဘက်ကိုလှည့်ပါလား…”
“ဟင်….ဘာဖြစ်လို့လဲ…”
“မမဖြူ ကြောက်နေမှာဆိုးလို့ပါ..”
“ဘာမှလည်းမဆိုင်ဘူး…”
“ဆိုင်တာပေါ့…ကျွန်တော့်ကိုမြင်နေရရင်…မမဖြူကြောက်စိတ်တွေရှိမှာမဟုတ်တော့ဘူး…”
ဖြူ….နိုင့်ဘက်ကိုလှည့်လိုက်ကာ…
မျက်နှာချင်းဆိုင်အကြည့်ချငိးဆုံမိ၏။
ဖြူ ရင်တွေတလှပ်လှပ်ခုန်နေမိတာကို
နိုင်များရိပ်မိနိုင်မလား။
အဲ့ဒီနောက်မှာတော့….နိုင်က…ဖြူတို့သုံးယောက်ရဲ့ငယ်ငယ်ကအကြောင်းတွေကိုပြန်ပြောနေ၏။
“နိုင်…”
“ခုလို…မင်းနဲ့ဖြူ တစ်ခန်းထဲသာ..
အတူအိပ်တာသိရင်…သွင်သွင်လေး
အတော်ကိုစိတ်ဆိုးမယ်ထင်တယ်..”
“မမဖြူ ရယ်….ဘာလို့…အသေးလေးအတွက်ပဲတွေးပေးနေတာလည်း…
အသေးလေးကတစ်ချိန်ကျရင်…
ရောင်နဲ့လက်ထပ်တော့မှာ…”
“လက်ထပ်တော့ဘာဖြစ်လဲ…
ဒီအိမ်ထဲမှာပဲအတူတူနေကြမှာပဲကို..
ဘာမှပြောင်းလဲသွားမှာမှမဟုတ်တာ..”
“မမဖြူ ….အသေးလေးကြောင့်..
ကျွန်တော့်ကိုလက်မခံတာလား..
ဒါမှမဟုတ်…မမဖြူ ကိုယ်တိုင်က
ကျွန်တော့်ကိုမချစ်နိုင်တာလား..
ကျွန်တော်တိကျတဲ့အဖြေလိုချင်တယ်.”
“တော်ပြီ…ဖြူအိပ်ချင်ပြီ…”
နိုင်မေးတာကိုမဖြေဘဲ…မျက်လုံးလေးကိုသာစုံမှိတ်ပစ်မိ၏။
နိုင့်အမေးက…ဖြူ့အတွက်အဖြေမရှာနိုင်သေးပါဘူး။
~~~~~~~~~~~~~~~~~~~•***
ဒီနေ့မနက်တော့…သွင်သွင်နဲ့ရောင်လည်း…ကျောင်းသားတွေနဲ့အတူ..တစ်ဖွဲ့ထဲသွားဖြစ်တာပထမဦးဆုံး…ထီးလိုမင်းလိူဘုရားကိုဝင်ဖူး၏။
“ဦးမင်းသက်တန့်ရောင်က….စတစ်လက်ရှည်နဲ့ပုဆိုးလေးကိုဝတ်ထားတာ
တော်တော်ကိုလိုက်တယ်နော်..ဆံပင်ကို…သပ်သပ်ရပ်ရပ်ဖီးထားတာကအစ
အရမ်းကြည့်လို့ကောင်းတယ်…”
ဆရာမနွဲ့က…ပါးကိုအဲ့လိုချီးမွမ်းခန်းတွေဖွင့်လိုက်တော့…သွင်သွင်စိတ်ကောက်ကာ…ပါးမသိလိုက်ခင်မှာ…ပါးနားကနေ…ဘုရားရဲ့မြောက်ဘက်စင်္ကြန်လမ်းကိုတစ်ယောက်တည်းလျှောက်လာလိုက်၏။
အဲ့ဒီစကားတွေက…ဆရာမနွဲ့ပြောစရာမှမလိုတာ။
ပါးကိုပဲသဘောကျနေတာများလား။
•••••••••••••
ဟိုဘဲကြီးရဲ့အနားမှာ…သွင်သွင့်ကိုမမြင်ရတော့သည်ကြောင့်…ခန့်မော်ဘုရားအနှံ့ပတ်ရှာသလို..ာအဲ ဒီဘဲကြီးလည်းရှာနေပြီဆိုတာခန့်မော်သိသည်။
သွင်သွင့်ကိုရှာနေတုန်း…မြင်လိုက်ရတဲ့သူ…။
သူကအသက်အသွင်ပဲမလား။
ဆံပင်လေးကိုမြှောက်စီးထားပြီး..အင်္ကျီက…ပခုံးပြတ်ကလေး။
သွင်သွင့်ရဲ့လည်ဂုတ်မှာမြင်လိုက်ရသည်က…ရွှေရောင်လိပ်ပြာအမှတ်အသား။
အဲ့ဒါ…ကို..ခန့်မော်တရင်းတနှီးသိနေတာကြောင့်သေချာစဉ်းစားကြည့်လိုက်ခါမှ။
ဒါ…ဒါမေမေလေးပြောဖူးတာပဲ။
မေမေလေးရှာနေတဲ့…မေမေလေးရဲ့သမီးက…လည်ဂုတ်မှာရွှေရောင်လိပ်ပြာအမှတ်အသားလို့ပြောခဲ့ဖူးတာပဲ။
ဒါဆိုအသက်အသွင်က။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)