Sweety Baby - Part 6
“Baby…”
“ပါး…အဟီး..ဟီး..ဟီး…”
လက်မှာသွေးတရဲရဲနဲ့မြင်လိုက်ရတာရယ်….Babyလေးငိုနေတာရယ်ကြောင့်..ရောင်ထိတ်ထိတ်ပြာပြာဖြင့်Babyဆီပြေးလာမိ၏။
“ကျစ်..နညိးတဲ့ဒဏ်ရာကြီးမဟုတ်ဘူး..တော်တော်နစ်တာပဲ…ဘယ်လိုဖြစ်လာရတာလဲBabyလေးရယ်..”
စည်းထားတဲ့ပုဝါကိုဖြေကြည့်ပြီး..စိတ်မချမ်းသာတော့။
“အီးဟီး…ဟီး..ဟီး…”
ရောင်ကမေးနေတာကိုပင်မဖြေနိုင်ပဲတဂျီဂျီငိုနေတဲ့ကလေး…
ဒီလောက်နစ်တဲ့ဒဏ်ရာဟာ..ဘယ်လောက်နာကျင်လိုက်မလဲဆိုတာကိုနားလည်သည်။
“မမ…ဒေါက်တာရာဇာကိုဖုန်းခေါ်လိုက်..”
“ခေါ်ပြီးသွားပြီရောင်..”
“အမ….လာပါ…ဧည့်ခန်းထဲလိုက်ထိုင်လှည့်ပါ…”
Babyနှင့်..ဧည့်သည်အမ်ျိ ုးသမီးကိုဧည့်ခန်းထဲကိုခေါ်လာခဲ့လိုက်၏။
“ပါး…နာတယ်..အဟင့်..ဟင့်..”
“မငိုပါနဲ့Babyရယ်…ဦးရာဇာလ
ာတော့မယ်နော်…တိတ်ပါ…”
“သွင်သွင်လေး…အရမ်းနာနေတာလား..မငိုနဲ့နော်..ကြီးကြီးတို့ရှိတယ်…”
“ကြည့်ပါအုံး….နဲနဲနောနောမဟုတ်ဘူး….အရမ်းနာနေမှာပဲ..အဟင့်..အင့်..”
သွင်သွင့်ရဲ့ဒဏ်ရာကိုကြည့်ရင်း…စိတ်မကောင်းဖြစ်ကာ…ဖြူပင်ငိုနေမိလေရာ..
“မမကလည်းတစ်မျိုး…Babyလေးကနာနေပါတယ်ဆို..သူကငိုနေပြန်ပြီ…”
“ဒီသမီးတို့ရဲ့စက်ဘီးက…အမရဲ့ကားဆီကိုဝင်လာတာ..အမက.ကားကိုဘရိတ်အုတ်လိုက်ပါတယ်…အဲ့ဒီမှာစက်ဘီးကလဲသွားတာ…”
“အဖော်တွေရော…ဘယ်ရောက်သွားလဲ…”
“သူတို့ကိုအိမ်ပြန်လွှတ်လိုက်ပါပြီ….ပြီးတော့..သူတို့လေးတွေလည်း..မင်းကဆူမှာကိုကြောက်နေခဲ့တာ…ဆေးကုသစရိတ်က်ိုအမတာဝန်ယူမယ်နော်…”
“ရပါတယ်..အိမ်ထိလာပို့ပေးတဲ့အတွက်ကျေးဇူးပါ…အမပြန်လို့ရပါပြီ…”
“ဟုတ်ပါပြီ…အမပြန်တော့မယ်…”
“Babyလေး…ခဏတော့သည်းခံပါအုံးနော်…ဦးရာဇာရောက်တော့မှာ…”
သွင်သွင်လေးကတော့…ရောင့်ရဲ့ရင်ခွင်ထဲမှာ..တအီအီငိုကျွေးနေသလို…ဖြူကလည်း…ဘေးကတရှိုက်ရှိုက်ငိုနေ၏။
သိပ်မကြာခင်မှာပဲ..ဒေါက်တာရာဇာရဲ့ကားလေးက..ပေါ်တီကိုမှာထိုးရပ်လာပါတယ်။
“ဘယ်လိုဖြစ်ရပြန်ပြီလဲအသေးလေး…”
“နောက်မှမေးပါဒေါက်တာ…ဒဏ်ရာကိုအရင်ဆုံးချုပ်ဖို့လုပ်ရမယ်…”
“ဟင့်အင်း…ပါးနော်..မရဘူး…မလုပ်ရဘူး…နာမှာ…Babyကြောက်တယ်..”
“Babyလေးကလည်း…မနာပါဘူး..ဒီတိုင်းထားလို့မရဘူးလေBabyရဲ့…”
“ဟုတ်တယ်နော်သွင်သွင်လေး…လိမ္မာပါတယ်ကြီးကြီးရဲ့တူမလေးက…”
“ဟင့်အင်း…ဟင့်အင်း…”
“ရောင်…သွေးထွက်လွန်ရင်အန္တရာယ်ဖြစ်နိုင်တယ်နော်…”
“ကလေးလေး…လာ..လိမ်မာပါတယ်ကွာ…နော်…”
ရောင်က…သွင်သွင်လေးကိုကိုလက်လေးကမ်းကာခေါ်နေပေမယ့်…သွင်သွင်ငိုနေသလို…မျက်နှာလေးကလည်းရှုံ့မဲ့နေ၏။
“လိမ်မာတယ်နော်…မနာဘူး…ဦးရာဇာကမနာအောင်လုပ်ပေးလိမ့်မယ်..”
“အင့်..ဟင့်..တစ်ကယ်လားပါး…”
“တစ်ကယ်ပေါ့Babyလေးရဲ့…လာ..အနာမြန်မြန်ပျောက်အောင်…ဦးရာဇာကိုကုခိုင်းရမယ်…”
ထိုအခါတွင်မှ…ဆန့်တန်းလာတဲ့ရောင့်ရဲ့ပခုံးကိုသွင်သွင်ဖက်လိုက်တော့…ပွေ့ချီခေါ်လာရ၏။
~~~~~~~~~~~~~~~~•???
“ကဲ…ချုပ်လို့ပြီးသွားပြီ…နာလား..”
“ဟင့်အင်း…နာဘူး..”
“ပါးပြောသားပဲ…မနာပါဘူးဆို…”
“မမ…ဒေါက်တာကိုလိုက်ပို့လိုက်အုံး..”
“ဒေါက်တာ…ဖြူလိုက်ပို့ပေးမယ်…”
“နေအုံးကြီးကြီး…”
“သွင်သွင်လေး…ဘာပြောစရာရှိလို့လဲ..”
ဘေးမှာရှိတဲ့သွေးတွေရွှဲနစ်နေတဲ့ပုဝါလေးကိုဆွဲယူကာ…ကြီးကြီးကိုကမ်းပေးလိုက်ရင်း…
“ဒီပုဝါလေးလျှော်ပေးအုံး…လျှော်ပြီးလျှင်…Babyကိုပြန်ပေးနော်…”
“ဟုတ်ပါပြီ…ကြီးကြီးလျှော်ပြီးလာပေးလှည့်မယ်…”
ဒေါက်တာ့ရဲ့ဆေးသေတ္တာကိုယူကာ…ဖြူယူကာ..ဒေါက်တာ့ကိုပို့ရန်ထွက်သွားတော့၏။
“Babyလေး…လက်ကနာသေးလား..”
“ဟင့်အင်း…နာတော့ဘူး…”
“ကြည့်ပါအုံး…ပါးရဲ့ကလေးလေးငိုထားလိုက်တာများ…သနပ်ခါးတွေတောင်မရှိတော့ဘူး…အရမ်းပင်ပန်းသွားမှာပဲ…”
မျက်ရည်တွေရွှဲနေတဲ့မျက်နှာလေးကိုတယုတယသုပ်ပေးနေရင်း…ချော့နေလေတော့…Babyကကိုယ့်ကို…အားကိုစွာဖြင့်ကြည့်လာသည်ကြောင့်..ရင်ခွင်ထဲထွေးပိုက်ထားလိုက်ရင်း ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်သပ်ပေးနေတော့သည်။
~~~~~~~~~~~~~~~~~•❤❤❤
“နွယ်…”
“ဟုတ်..ပြောပါမေမေ…”
“သမီးရဲ့..သမီးလေးကိုတွေ့ခဲ့တယ်လား..”
“ဟင့်အင်း..မတွေ့ခဲ့ပါဘူး…ဘာဖြစ်လို့လဲမေမေ…”
“သမီးမျက်နှာအရောင်မလက်ခဲ့တာ17နှစ်ရှိပြီ…ဒါပေမယ့်..ဒီနေ့…သမီးမျက်နှာကလန်းဆန်းနေသလိုပဲ…စိတ်ညစ်စရာတွေမရှိတော့သလိုမျိုး…”
“ဟုတ်လား…သမီးလေးကိုနွယ်မတွေ့ခဲ့ပါဘူး…ဒီနေ့လေ..ကျောင်းသူလေးတစ်ယောက်ရဲ့စက်ဘီးက..နွယ့်ကားက်ိုဝင်တိုက်တယ်…”
“ဘယ်လို…အဲ့ဒါကိုသမီးမျက်နှာကလန်းဆန်းလာရသလားဟဲ့…ကလေးမလေးဘာဖြစ်သွားသေးတုန်း.”
“..စက်ဘီးလဲသွားပြီးလက်မောင်းကျသွားတဲ့နေရာက..ပုလင်းကွဲဆူးသွားတယ်…အနည်းဆုံး6ချက်လောက်တော့ချုပ်ရမယ်ထင်တယ်…”
“အဲ့ဒါကိုသမီးကဘယ်လိုပျော်နေရတာတုန်း..”
“သမီးလေ…အဲ့ဒီကလေးမလေးအိမ်ကိုလိုက်ပို့ပေးလိုက်တယ်…အဲ့ဒီကလေးမလေးကိုတွေ့ပြီးမှ…သမီးစိတ်ပျော်လာသလိုပဲ…သူ့မိသားစုကိုကြည့်ပြီးစိတ်ပျော်သွားတာလည်းဖြစ်နိုင်ပါတယ်…”
“အဟင်း…ကလေးမလေးကအဆိုးလေးမေမေ…အဆ်ိုးလေးဆိုပေမယ့်ချစ်ဖို့ကောင်းပါတယ်…အားလုံးကလည်းသူ့ကိုဝိုင်းပြီးချစ်လိုက်ကြတာများသဲသဲလှုပ်…နွယ့်သမီးလေးသာဆိုရင်..နွယ်လည်းအဲ့လိုချစ်မှာသေချာတယ်…”
နွယ်..မေမေ့ကိုပြောနေရင်း…ကလေးမလေးရဲ့ပုံစံကိုမျက်လုံးထဲမြင်နေမ်ိရင်း..ဟန်မဆောင်နိုင်အောင်ပြုံးနေမိတာဟာဘာကြောင့်ရယ်မသိတော့..။
~~~~~~~~~~~~~~~~~•???
“ကြီးကြီး…ပုဝါရပြီလား…”
“ရပါပြီရှင့်…ခုပဲအဲ့ဒါလာပေးတာ…ရော့..”
ကြီးကြီးပေးလာတဲ့ပုဝါလေးကိုလှမ်းယူလိုက်ပြီး..နမ်းကြည့်လိုက်ကာ…
“အရမ်းမွှေးတာပဲ…”
“ကြီးကြီးကိုသွင်သွင်လေးလုပ်ခိုင်းစရာရှိသေးလား…”
“ဟင့်အင်း..မရှိတော့ဘူးကြီးကြီး…ကြီးကြီးသွားလိုရပြီ…”
ကြီးကြီးထွက်သွားတော့…ပုဝါလေးကိုနောက်ထပ်တစ်ခါနမ်းရှိုက်မိပြန်သည်။
ပုဝါကရတဲ့ရနံ့လေးဟာ…သွင်သွင့်နှလုံးသားတစ်ခုလုံးကိုနွေးထွေးလုံခြုံသွားသလိုပင်ဖြစ်သွား၏။
ဒါဟာ..ဘယ်လိုခံစားချက်လဲဆိုတာကိုသွင်သွင်မသိပေမယ့်။
အဲ့ဒီခံစားချက်ကိုသွင်သဘောကျတယ်..။
“မမ…Babyအခန်းထဲဘာလာလုပ်တာလဲ…”
“သွင်သွင့်ကိုပုဝါလာပေးတာ…သွင်သွင်လေးကိုဆေးတိုက်မလို့လား…”
“ဟုတ်တယ်မမ…”
ကြီးကြီးနဲ့ပါးရဲ့စကားသံတွေကိုသွင်သွင်ကြားရသည်ကြောင့်…ပါးဆေးလာတိုက်သည်ဆိုတာကိုသွင်သွင်သိသွားလေပြီ။
ခြေရင်းမှဆောင်လေးကိုအမြန်ဆွဲကာ…ခေါင်းမြီးခြုံလိုက်၏။
သွင်သွင်ဆေးမသောက်ချင်ပါ။
ဦးရာဇာပေးခဲ့တဲ့ဆေးတောင့်ကြီးတွေကအကြီးကြီးတွေဆိုတော့ဆေးကြောက်တဲ့သွင်သွင့်အတွက်သောက်ဖို့ခက်ခဲသည်မှာအမှန်။
“Babyလေး…ဆေးသောက်ရအောင်..ထတော့နော်…”
“Baby…ကလေးလေး…ပါးရဲ့အလိမ်မာတုံးလေး…”
လှုပ်နှိုးနေတဲ့ပါးကြောင့်…သွင်သွင်..ခေါင်းမြှီးခြုံထားတဲ့ဆောင်ကိုဖျက်ကနဲ့ဆွဲဖွင့်လိုက်ရင်း…
“Babyအိပ်နေတယ်ပါး…နောက်နေ့မှသောက်မယ်…”
“ခုနမှမမနဲ့ပါးတွေ့ပြီးတာနော်…ကလေးဆိုတာမညာရဘူးBabyရဲ့…ငရဲကြီးတတ်တယ်…ငရဲကြီးမှာမကြောက်ဘူးလားကလေးလေး…”
“မသိဘူး…Babyမသောက်ဘူးနော်…
Babyဘာမှမဖြစ်ဘူး သက်သာနေပြီပါးရဲ့…”
“ဒါပေမယ့်…ဒီဆေးတွေက…ဒဏ်ရာအမြန်ပျောက်ဖို့အတွက်ရယ်…ကလေးလေးမဖျားဖို့ရယ်…မကိုက်ခဲဖို့အတွက်ရယ်သောက်ရတာလေ…”
ပွစိပွစိပြောနိုင်လွန်းတဲ့ပါးကြောင့်…သွင်သွင်ဖျက်ကနဲထထိုင်လိုက်ရင်း…
ပါးလက်ထဲကဆေးတွေကိုကြည့်လိုက်တော့..နှာခေါင်းရှုံ့မိသွား၏။
“သောက်မလို့လားBabyလေး…”
“ဟင့်အင်း..မသောက်ပါဘူး…”
“Babyကလည်း မဆိုးရဘူးလေ. သောက်လိုက်ပါနော်။”
“ဒီမှာကြည့်…ဒီဆေးပြားလည်းကြည့်လိုက်အုံး…အပြားကြီးကအကြီးကြီးပဲ…ဟောဒီဆေးထောက်ကြီးကရော..ရှည်ကြီးပဲ..ဒီမှာရောပဲ..ဒီဆေးပြားကြီးရော…Babyမသောက်နိုင်ပဲနင်နေလိမ့်မယ်…”
“အဲ့ဒါဆို…ပါး..အမှုန့်ကြိတ်ပေးမယ်လေ…Babyသောက်မလား..နင်လည်းမနင်တော့ဘူး။”
“ခါးမှာပေါ့ပါးရဲ့ babyကိုဘာလို့ဆေးတွေဇွတ်တိုက်နေရတာလဲ…”
“ကလေးလေးနေကောင်းအောင်လို့လေ. ကလေးလေးအတွက်ပေါ့။”
“Babyနေမကောင်းတာမဟုတ်ဘူး နေကောင်းတယ် ဘာမှမဖြစ်ဘူးပါးရဲ့”
“ဒါပေမယ့်ပါးစိတ်ပူတယ်လေBabyရယ်”
“အင့်..ဟင့်..ဟင့်…”
နှုက်ခမ်းလေးဟာမဲ့သွားရသလို….မျက်ရည်တွေလည်းကျလာပြီး..ရှိုက်ငိုလာသည်ကြောင့်…
“Baby…ဘာလို့ငိုရတာလဲကလေးလေးရယ်”
“Babyစိတ်ဆင်းရဲလို့ပေါ့….Babyမသောက်ချင်တာကိုဇွတ်တိုက်နေတာက Babyကိုစိတ်ဆင်းရဲစေတယ်…အင့်..ဟင့်…”
“မငိုပါနဲ့Babyရယ် မငိုလိုက်ပါနဲ့. ပါးကြောင့်Babyလေးစိတ်ဆင်းရဲရတယ်ဆိုရင်ပါးတောင်းပန်ပါတယ် မသောက်ချင်ရင်မသောက်နဲ့နော်။”
သွင်သွင် မျုက်ရည်တွေကိုကမန်းကတန်းသုပ်လိုက်ရင်း…
“တစ်ကယ်နော်ပါး ”
“တစ်ကယ်ပါဗျာ ”
“ပါးကိုအချစ်ဆုံးပဲ”
ဒူးလေးထထောက်လိုက်ပြီး ပါးရဲ့ ပါးနှစ်ဖက်ကိုနမ်းရှိုက်လိုက်တော့….ပါးက..သဘောကျစွာပြုံးနေ၏။
“ကလေးလေး ဆေးမသောက်ဘူးဆိုတော့ အိပ်တော့မလား ”
“ဟုတ် ပါး”
“အဲ့ဒါဆို အိပ်ရပါပြီဗျာ…”
Babyက. အိပ်ယာမှာပြန်လှဲလိုက်မှ ဆောင်လေးကိုသေချာခြုံပေးကာထွက်သွားမည်ပြုတော့ babyကလက်ကိုဆွဲလာပြန်သည်။
နောက် အားကိုးသည့်မျက်ဝန်းအစုံလေးဖြင့်ကြည့်လာကာ ..
“ပါး ဒီနေ့ညတော့ babyနားမှာအဖော်ပြုပေးပါလား babyအားငယ်လို့”တဲ့။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)